Connect with us

Economy

တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲတွင် သဘောတူစာချုပ် ၂၅၀ ကျော် လက်မှတ်ရေးထိုးနိုင်ခဲ့

တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲ ၂၀၁၇ သို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ယင်ချွမ်း၊ စက်တင်ဘာ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နိန်ရှဟွေ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြုလုပ်ခဲ့သော တတိယအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲတွင် တန်ဖိုးငွေပမာဏ ယွမ် ၁၈၆.၀၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံ) ခန့် ရှိသော သဘောတူစာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူစာချုပ်များတွင် လယ်ယာစိုက်ပျိုးရေးနှင့် စားသောက်ကုန် လုပ်ငန်းများ၊ ကုန်ပစ္စည်းအသစ်များ၊ ကုန်ထုတ်လုပ်မှု ကိရိယာများ၊ ဇီဝဆေးဝါးများ၊ ဓာတုဗေဒလုပ်ငန်း၊ အထည်ချုပ်၊ စက်မှုဥယျာဉ် တည်ဆောက်ခြင်းနှင့် ခေတ်သစ် ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်သည်။

ပူးပေါင်းဆောင်ရွက်မှု အသစ်အနေဖြင့် တရုတ်နှင့် အာရပ်နိုင်ငံများအကြား နီးကပ်စွာ ဆက်လက် လုပ်ဆောင်သွားနိုင်ရန် မျှော်လင့်ကြောင်းနှင့် ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှု အရှိန်အဟုန် မြှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။

ကုန်စည်ပြပွဲအား ယင်ချွမ်ပြည်နယ် မြို့တော် နိန်ရှတွင် စက်တင်ဘာလ ၆ ရက်မှ ၉ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဋ္ဌာန၊ နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး တရုတ် ကောင်စီနှင့် နိန်ရှ ဒေသဆိုင်ရာ အစိုးရတို့က ဦးစီး ကျင်းပခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.