Connect with us

Politics, Law & Military

သွေးထိုးလှုံ့ဆော်မှု ဖြန့်ဝေသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်

ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများထံသို့ တယ်လီဖုန်း မက်ဆေ့များ (Message) ၊ ဖေ့ဘုတ်စ်(Facebook) ၊ မက်ဆင်ဂျာ (Messenger) များမှ တစ်ဆင့် စက်တင်ဘာလ ၁၁ ရက်နေ့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်နေသည် ဆိုသည့် သတိပေး သွေးထိုးလှုံ့ဆော်မှုများ ဖြန့်ဝေနေသူများကို ဥပဒေနှင့် အညီအရေးယူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းတွင် မတူညီသည့် လူ့အဖွဲ့အစည်း နှစ်ရပ်အကြား တယ်လီဖုန်း မက်ဆေ့များ (Message) ၊ ဖေ့ဘုတ်စ် (Facebook) ၊ မက်ဆင်ဂျာ(Messenger)များ မှ သွေးထိုးလှုံ့ဆော်သည့် သတင်းများ ဖြန့်ဝေခြင်း မပြုကြ ရန်နှင့် ဖြန့်ဝေပေးပို့လာမှုများ ရှိပါက ပေးပို့လာသူများအား တာဝန်ရှိသူများထံ ဆက်သွယ်သတင်းပေး ကြပါရန် အသိပေးအပ်ထားကြောင်း သိရသည်။

ပြည်သူများကြားတွင် အထိတ်တလန့် ဖြစ်စေသည့် ယင်းလုပ်ရပ်များကို လူ့အဖွဲ့အစည်း နှစ်ရပ်လုံးမှ ဆောင်ရွက်သည်ဟု ယူဆပါကြောင်း၊ ယင်းသို့ သွေးထိုးလှုံ့ဆော်မှု ဆောင်ရွက်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.