နေပြည်တော်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)အနေဖြင့် မူဝါဒရည်မှန်းချက်နှင့် မဟာဗျူဟာအပိုင်းကို ပြောင်းလဲကျင့်သုံးမည် မဟုတ်သော်လည်း ပြည်သူလူထု၏ လိုအင်ဆန္ဒနှင့် ညီသော နည်းဗျူဟာကို ပြောင်းလဲ ကျင့်သုံးမည်ဖြစ်ကြောင်း ယနေ့ ကျင်းပသော ပါတီညီလာခံ၌ ပါတီဥက္ကဋ္ဌ သမ္မတဟောင်း ဦးသိန်းစိန်က ပြောကြားသည်။
မနီလာ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ဇူလိုင်လ ၁ ရက်မှစ၍ တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း သေဆုံး ခဲ့သူ ၁,၇၇၉ ဦး နီးပါးရှိကြောင်း အမျိုးသား ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ရော်နယ် ဒီလာ ရိုဆာက သြဂုတ်လ ၂၂...
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နှင့် ကျွန်းစုများ၌ အသိုက်ဖွဲ့ နေလေ့ရှိသည့် ဇီဝဇိုး အန်ဖတ် (ငှက်သိုက်) များကို တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့မှ အများဆုံး ဝယ်ယူကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးဆုံး ခရီးသည်တင် လေကြောင်းလိုင်း တစ်ခုဖြစ်သည့် China Southern Airlines သည် ယခုနှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ တောင်ပိုင်းနှင့် အာရှ၊ မြောက်အမေရိကတိုက်အကြား ချိတ်ဆက်ပျံသန်းမည့် ခရီးစဉ်များ တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။
မိုဆူးလ်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) IS အစွန်းရောက်စစ်သွေးကြွအုပ်စုများ က ၎င်းတို့နောက်ဆုံးထိန်းချုပ်ထားသည့် မိုဆူးလ်မြို့တွင် သြဂုတ် ၂၁ရက် က လူ အယောက် ၄၀ အား ကွပ်မျက်ခဲ့ကြောင်း လုံခြုံရေးဆိုင်ရာသတင်းရင်းမြစ်တစ်ခု က ပြောကြားခဲ့သည်။