Connect with us

Politics, Law & Military

တပ်မတော်(လေ)မှ ရဟတ်ယာဉ်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်သို့ ကျော်လွန်ပျံသန်းခဲ့မှု မရှိကြောင်း ထုတ်ပြန်

၁.၉.၂၀၁၇တွင် ပြည်ထဲရေးဝန်ကြီးနှင့်အဖွဲ့ဝင်များ လိုက်ပါပြီး ရဟတ်ယာဉ် ပျံသန်းခဲ့သည့်လမ်းကြောင်းပြမြေပုံအားတွေ့ရစဉ် (ဓါတ်ပုံ-တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

တပ်မတော်(လေ)မှ ရဟတ်ယာဉ်များ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်စပ်သို့ ကျော်လွန်ပျံသန်းခဲ့မှုမရှိခဲ့ကြောင်း အများပြည်သူ ထင်မြင်လွဲမှားမှု မရှိစေရေး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့ စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ နိုင်ငံတော်သမ္မတရုံးသို့ မြန်မာ့တပ်မတော်(လေ)မှ ရဟတ်ယာဉ်များ နယ်စပ်ဖြတ်ကျော်ပျံသန်းခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကန့်ကွက်မှုနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်ကို ရှင်းလင်းတင်ပြထားပြီးဖြစ်ကြောင်း ၊၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ စစ်သံမှူး ဗိုလ်မှူးချုုပ် အောင်ဇော်ဦးကလည်း ဘင်္ဂလားဒေ့ရှ် တပ်မတော်မှ တာဝန်ရှိသူများထံ ရှင်းလင်းခဲ့ပြီး သံတမန်နည်းလမ်းအရ ဖြေရှင်းခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်မှု အရ သိရသည်။

၂၇.၉.၂၀၁၇တွင် ပြည်ထဲရေးဝန်ကြီးနှင့်အဖွဲ့ဝင်များ လိုက်ပါပြီး ရဟတ်ယာဉ် ပျံသန်းခဲ့သည့်လမ်းကြောင်းပြမြေပုံအားတွေ့ရစဉ် (ဓါတ်ပုံ-တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

စက်တင်ဘာ ၁ ရက်တွင် တပ်မတော်(လေ)မှ ပျံသန်းခဲ့သည့် ရဟတ်ယာဉ်များကို စစ်ဆေးမှုများပြုလုပ်ခဲ့ရာ လေသူရဲ၏ GPS Track Log အရ နယ်စပ်မျဉ်းနှင့် မီတာ ၅၀၀ အကွာအဝေးတွင်သာ ပျံသန်းခဲ့ကြောင်း၊ အလားတူ သြဂုတ် ၂၇ ရက်တွင် ရဟတ်ယာဉ်ပျံသန်းခဲ့သည့် လမ်းကြောင်းများအရ နယ်နိမိတ်မျဉ်း၏ ဝ.၄ မိုင်အကွာတွင်သာ အတက်/အဆင်းပြု လုပ်ခဲ့သဖြင့် နယ်နိမိတ်အား ကျော်လွန်ပျံသန်းခဲ့ခြင်းမရှိကြောင်းနှင့် သြဂုတ် ၂၈ ရက်တွင် လည်း တပ်မတော်(လေ)မှ ရဟတ်ယာဉ်များဖြင့် နယ်နိမိတ်မျဉ်းအနီးပျံသန်းခဲ့ခြင်း မရှိကြောင်း စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်မှု အရ သိရသည်။

စက်တင်ဘာ ၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ မြန်မာနိုင်ငံမှ ရဟတ်ယာဉ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၃ ကြိမ်ကျော်လွန်ပျံ သန်းခဲ့ကြောင်းနှင့် သြဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင်လည်း လေကြောင်းပိုင်နက်ကျော်လွန်ပျံသန်းခဲ့ကြောင်း ကန့်ကွက်စာ တစ်စောင်ပေးပို့ခဲ့သည်ဟု သိရှိရကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.