Connect with us

Africa & Middle East

ကင်ညာ နိုင်ငံ တွင် ကား ၅ စင်း ဆင့်တိုက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၇ ဦး သေဆုံး

ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့သည့် ကင်ညာ နိုင်ငံ နိုင်ရိုဘီ မြို့အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

နိုင်ရိုဘီ ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ကင်ညာ နိုင်ငံ မြို့တော် နိုင်ရိုဘီ ရှိ အဝေးပြေးလမ်း တစ်ခုတွင် စက်တင်ဘာ ၆ ရက်နေ့၌ ကား ၅ စင်း ဆင့်တိုက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၇ ဦး သေဆုံး ခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

နိုင်ရိုဘီ ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ ရဲအရာရှိ တစ်ဦး က လက်ရှိချိန်တွင် ရဲတပ်ဖွဲ့အနေဖြင့် ဒဏ်ရာရရှိသူ ဦးရေ နှင့် ပတ်သက်၍ အတိအကျ ပြောကြားနိုင်ခြင်း မရှိသေးဘဲ ဒဏ်ရာရရှိသူများကို ဆေးရုံ သို့ ပို့ဆောင်ပေး နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရဲအရာရှိ က အခင်းဖြစ်ပွားရခြင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းသုံး အုတ်နီခဲများကို တင်ဆောင်လာသည့် ကုန်ကား တစ်စင်း သည် ဘီးပေါက်၍ ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ ဘတ်စ်ကားငယ် တစ်စင်းကို တိုက်မိရာမှ ကားများ ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ၊ အခင်းဖြစ်ပွားသည့် အကြောင်းရင်း နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များကို ဆက်လက်ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

ကင်ညာ နိုင်ငံ လမ်းပန်းဆက်သွယ်ရေး လုံခြုံရေးဌာန ၏ စာရင်း အရ ကင်ညာ နိုင်ငံတွင် နှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၃၀၀၀ ခန့် သေဆုံးခဲ့ကြောင်း ကို သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.