ပေကျင်း ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၊ပေကျင်းမြို့လည်တွင် တရုတ်အမျိုးသားနေ့အားလပ်ရက်များအတွင်း ပိုးလမ်းမကြီး၏ရွှေရောင်တံတားကြီး ဟုအမည်တွင်သော ပန်းပုရုပ်တုကြီးကိုပြသခဲ့သည်။ ၂၈ မီတာရှည်သည့်အဆိုပါ တံတားကြီးကို တရုတ်နိုင်ငံ၏အထင်ကရ မဟာတံတိုင်းကြီးတွင် အသုံးပြုခဲ့သည့်အုတ်ချပ်များ၏အရွယ်အစားများအတိုင်း ရွှေရောင်အုတ်ချပ်ပေါင်း၂၀၀၀၀ တို့ကိုအသုံးပြုပြီးတည်ဆောက်ထားသည်။ တရုတ်လူမျိုးဗိသုကာပညာရှင် ရှုရောင်ဖန်တီးခဲ့သည့် တရုတ်နိုင်ငံအနောက်ပိုင်း၌ နှစ်ပေါင်း၁၄၀၀ သက်တမ်းရှိပြီးယနေ့ထက်တိုင်အသုံးပြုဆဲဖြစ်သောzhaozhou တံတားပုံစံကို အခြေခံပြီး ရွှေရောင်တံတားကြီးကိုဖန်တီးထားခြင်းဖြစ်သည်။...
ဂျကာတာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဂျာဗားပြည်နယ်၌ လူဒါဇင်ပေါင်းများစွာလိုက်ပါလာသည့် စက်လှေတစ်စင်း တိမ်းမှောက်သွားရာ လူပေါင်း ၇ ဦးပျောက်ဆုံးလျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီမှ အရာရှိတစ်ဦးက အောက်တိုဘာလ ၈ ရက်နံနက်အစောပိုင်းက ပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) ဘက်စုံ ကိုယ်ခံပညာသုံး MMA ပြိုင်ပွဲဖြစ်သည့် ONE:STATE OF WARRIORS ပြိုင်ပွဲတွင် ပြည်တွင်း အဓိက ပွဲစဉ်အဖြစ် မြန်မာစပါးကြီးမြွေဟု လူသိများသည့် အောင်လအန်ဆိုင်းသည် ပြိုင်ဘက် ပိုလန် နိုင်ငံသား မိုက်ကယ် ပက်စတားနက်အား ပွဲချိန်ပြည့် ၃...
နေပြည်တော်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များတွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုကြောင့် လွှတ်တော် လုပ်ငန်းများ ဆောင်ရွက်ရာ၌ အခက်အခဲ မရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ညနေ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။