Connect with us

Africa & Middle East

ဆော်ဒီက တရားမဝင် ဘုရားဖူး ၄၀၀,၀၀၀ ကျော်ကို မက္ကာသို့ ဝင်ခွင့်ပိတ်ပင်

မက္ကာမြို့ရှိ Grand ဗလီ၌ ဟာ့ဂ်ျဘုရားဖူးများအားတွေ့ရစဉ် (ဆင်ဟွာ)

ရီယာ့ဒ်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံသည် ဟာ့ဂျ်ပါမစ်မရှိသည့် တရားမဝင် ဘုရားဖူး ၄၀၀,၀၀၀ ကျော်ကို မက္ကာမြို့သို့ ဝင်ခွင့်ပိတ်ပင်ခဲ့ကြောင်း ဆော်ဒီသတင်းဋ္ဌာနက သြဂုတ် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ဝင်ခွင့် ပိတ်ပင်ကြောင်းကို ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ဟာ့ဂျ်လုံခြုံရေးအစီအစဉ်များ ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့ပြီး ဟာ့ဂျ်လုံခြုံရေးအစီအစဉ်များအား ယခုနှစ်တွင် လာရောက်နိုင်မည့် ဟာ့ဂျ်ဘုရားဖူး ၂သန်းကျော် အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

ဆော်ဒီအာရေဗျနိုင်ငံသည် ဘုရားဖူးများ၏ ဟာ့ဂျ်ဘုရားဖူးခရီးစဉ် အဆင်ပြေချောမွေ့စေရန် ပြစ်မှုကျူးလွန်သူများကို ဒဏ်ငွေရိုက်ခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်းတို့ဖြင့် ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဆောင်ရွက်လျက်ရှိသည်။

ဝန်ကြီးဋ္ဌာနက သြဂုတ် ၂၉ ရက်မတိုင်ခင်အထိ မက္ကာသို့ နိုင်ငံခြားသား ဘုရားဖူး ၁.၇သန်း နှင့် ပြည်တွင်းဘုရားဖူး ၂၀၀,၀၀၀ ရောက်ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.