Connect with us

Asia

စင်ကာပူဝန်ကြီးချုပ် အမေရိကန်သို့ အောက်တိုဘာလတွင် သွားရောက်မည်

စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်း အားတွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်း သည် အမေရိကန်နိုင်ငံသို့ အောက်တိုဘာလတွင် သွားရောက် လည်ပတ်ကာ အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦး က သြဂုတ် ၂၉ ရက်တွင်ပြောကြားခဲ့သည်။

၎င်း၏ပြောကြားချက်အရ လီသည် ဟာဗေးဟာရီကိန်းမုန်တိုင်း ကြောင့် တက္ကဆက် နှင့် လူဝီဆီယာနားပြည်နယ် တို့ တွင် အသက်ဆုံးရှုံးမှု နှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဝမ်းနည်းရပါကြောင်း သြဂုတ် ၂၉ ရက်တွင် သမ္မတ ထရမ့်အား ဖုန်းဆက်ပြောကြားခဲ့ကြောင်း သိရသည်။

လီသည် တက္ကဆက်ပြည်နယ် Grand Prairie မြို့ရှိ Peace Prairie စင်ကာပူ လေတပ်အုပ်စု မှ CH-47 Chinook ရဟတ်ယာဉ်များ စေလွှတ်ခြင်းဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အကူအညီပေးရန် အသင့်ရှိနေကြောင်းကို ဖော်ပြခဲ့ပြီး ထရမ့်ကလည်း လီ၏ ကူညီမှုကို လက်ခံကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် စင်ကာပူနိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းအလွန်တွင် သြဂုတ် ၂၁ ရက် က USS John S.McCain ဖျက်သင်္ဘော နှင့် ဆီတင်သင်္ဘော Alnic MC တို့ တိုက်မိခဲ့ပြီး သင်္ဘောသား ၁၀ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်တွင် နိုင်ငံပေါင်းစုံရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၌ စင်ကာပူနိုင်ငံက ပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိခိုက်ပျက်စီးခဲ့သည့် စစ်သင်္ဘောအား စင်ကာပူချန်ဂီရေတပ်စခန်းတွင် ကျောက်ချထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.