လန်ဒန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ဘက်ကင်ဟမ် နန်းတော်၌ ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်နှင့်အတူ လူပရိသတ်အား သက်သေပြုပြီးနောက် ပြည်ထဲရေး ဝန်ကြီး ထရီဆာမေ (Theresa May) သည် ဗြိတိန်နိုင်ငံ၏ ၁၃ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ကုလသမဂ္ဂ ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ဘူရွန်ဒီနိုင်ငံ Bujumbura မြို့၌ ဇူလိုင်လ ၁၃ ရက်က ဘူရွန်ဒီနိုင်ငံ အရှေ့အာဖရိက အသိုင်းအဝိုင်းရေးရာ ဝန်ကြီးဌာန ဝန်ကြီး (ဟောင်း) Hafsa Mossi အား လုပ်ကြံ သတ်ဖြတ်လိုက်ခြင်း အပေါ် ကုလသမဂ္ဂ အထွေထွေ...
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) မြန်မာ့ပင်လယ်ပြင် ပိုင်နက်အတွင်း သတ်မှတ် ငါးဖမ်းရေယာဉ်များမှ အပ ခွင့်ပြုချက် မရှိသည့် ငါးဖမ်း ရေယာဉ်များကို ယခုလအတွင်းမှ စတင်ပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ထံမှ သိရသည်။
ရီယိုဒီဂျနေရို ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့တွက် စရိတ်များ အချိန်မီရရှိရေးနှင့် ပိုမိုကောင်းမွန်သော တည်ခိုနေထိုင်ရေး အစီအစဉ်များ ဆောင်ရွက်ပေးရေး အတွက် ရီယိုဒီဂျနေရိုမြို့အနောက်ဖက်၌ ဇူလိုင်လ ၁၃ ရက်က ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာ အနီး ဆုထူးပန် ကုမ္ပဏီ လုပ်ကွက် အတွင်းသို့ ရေမဆေးကျောက် ရှာဖွေရာတွင် ကျောက်ကြော မြေစာထု ပြိုကျခဲ့သဖြင့် ၄ ဦး သေဆုံးခဲ့ကြောင်း ကချင် ပြည်နယ်...