Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံ ကို ဒုံးကျည် တွန်းအားပေး စက်ကိရိယာ ရောင်းချခဲ့မှု နှင့် ပတ်သက်၍ ယူကရိန်း နိုင်ငံ က ငြင်းဆို

မြောက်ကိုရီးယား နိုင်ငံ မှ တာဝေးပစ် ဒုံးကျည် ပစ်လွှတ်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကိယက်ဗ် ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ယူကရိန်း နိုင်ငံ နိုင်ငံတော် လုံခြုံရေး နှင့် ကာကွယ်ရေး ကော်မတီ အတွင်းရေးမှူး Oleksandr Turchynov က သြဂုတ်လ ၁၄ ရက်နေ့၌ ယူကရိန်း နိုင်ငံ လုပ်ငန်းကုမ္ပဏီ တစ်ခု မှ မြောက်ကိုရီးယား နိုင်ငံ အား ဒုံးကျည် တွန်းအားပေး စက်ကိရိယာ ရောင်းချမှု နှင့် ပတ်သက်၍ ငြင်းဆိုမှု ပြလုပ်ခဲ့သည်။

Turchynov က ဒေသတွင်း မီဒီယာ များ၏ တွေ့ဆုံမေးမြန်းမှု ကို ဖြေကြားခဲ့ရာတွင် ပြည်ပ မီဒီယာ များ၏ သက်ဆိုင်ရာ သတင်းဖော်ပြမှု များသည် လက်တွေ့လုံးဝမကျကြောင်း ၊ ယူကရိန်း နိုင်ငံ မှ မြောက်ကိုရီးယား နိုင်ငံအား ဒုံးကျည် တွန်းအားပေး စက်ကိရိယာ ရောင်းချခဲ့သည် ဟု ပြောကြားခြင်းများသည် သက်သေ အထောက်အထား လုံးဝ မရှိကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Turchynov က ယူကရိန်း နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ ၏ ဆုံးဖြတ်ချက်များကို လုံးဝထောက်ခံ သဖြင့် မြောက်ကိုရီးယား နိုင်ငံ သို့ ဒုံးကျည် တွန်းအားပေး စက်ကိရိယာ အပြင် အန္တရယ်ရှိနိုင်သော မည်သည့် စက်ကိရိယာ ကိုမှ ရောင်းချမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ NewYork Times သတင်းဌာန က သြဂုတ်လ ၁၄ ရက်နေ့၌ မြောက်ကိုရီးယား နိုင်ငံ ၏ အမေရိကန် နိုင်ငံ အထိ ရောက်ရှိ နိုင်သော ဒုံးကျည် စမ်းသပ်မှု အောင်မြင်ခဲ့ခြင်းသည် အဓိက အားဖြင့် ယူကရိန်း နိုင်ငံ မှ လုပ်ငန်း ကုမ္ပဏီ များသည် စစ်လက်နက် မှောင်ခိုဈေးကွက်မှ မြောက်ကိုရီးယား နိုင်ငံ သို့ ဒုံးကျည် တွန်းအားပေး စက်ကိရိယာ ရောင်းချခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည် ဟု သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.