Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်နှင့် ဘူးသီးတောင်၊ မောင်တောဒေသတွင် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ဟုဆို

ရခိုင်ပြည်နယ်သို့ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးများနှင့် ဒေသခံများတွေ့ဆုံစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်နှင့် ဘူးသီးတောင်၊ မောင်တောဒေသကို အထူးဒေသအဖြစ် သတ်မှတ်ကာ ခွင့်ပြုရန်ပုံငွေများတိုးမြှင့်ပေးပြီး တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို အလေးထားဆောင်ရွက်လျက် ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

မောင်တော မြို့နယ် သီရိမင်္ဂလာခန်းမ၌ ပြည်ထောင်စုဝန်ကြီးများနှင့် ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာ ဒေသခံပြည်သူများ၏ နယ်မြေဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ပေးရန် တင်ပြမှုများအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်တောခရိုင်အတွင်းရှိ ကျေးရွာများအတွက် FMရေဒီယို အလုံး ၁ဝဝဝ ပေးအပ်ခဲ့ပြီး မောင်တော ခရိုင်အတွင်းရှိ တိုင်းရင်းသားပြည်သူ များအတွက် အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီမှ ထောက်ပံ့သော စုစုပေါင်း တန်ဖိုးငွေကျပ် ၃၈၄၈ ဒသမ ၂ သိန်း တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ စားသောက် ကုန်ပစ္စည်း နှစ်လစာ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်း ပြည်ထောင်စုအစိုးရက သွားရောက်ထောက်ပံ့သည့် ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးသည် ငွေကျပ် ၄၃ဝ၃ ဒသမ ၂ သိန်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများတွင် လိုအပ်ချက်များ ဆောင်ရွက်ပေးရန်အတွက် ပထမအရစ် ငွေကျပ် ၂၉၈ ဒသမ ၆၄၅ သန်းကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ထောက်ပံ့ပေးအပ်ရာ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက လက်ခံ ရယူသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.