Connect with us

North America

မြောက်ကိုရီးယားက အမေရိကန်ကို တိုက်ခိုက်လာပါက ပြင်းထန်သော စစ်ပွဲထဲ ဝင်ရောက်သွားမည်ဖြစ်ကြောင်း မက်တစ် သတိပေး

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဂျိမ်စ်းမက်တစ်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဂျိမ်စ်းမက်တစ်က မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအား ပစ်ခတ်မှုများ ပြုလုပ်လာပါက အခြေအနေသည် စစ်ပွဲကြီးထဲသို့လျင်မြန်စွာ ဝင်ရောက်သွားနိုင်ကြောင်း သြဂုတ်လ ၁၄ ရက်တွင်ပြောကြားခဲ့သည်။

“ တကယ်လို့မြောက်ကိုရီးယားက အမေမရိကန်ကို ပစ်ခတ်ခဲ့မယ်ဆိုရင် ၊ စစ်ပွဲကြီးထဲကို လျင်လျင်မြန်မြန် ဝင်ရောက်သွားနိုင်ပါတယ်” ဟု မက်တစ်က သတင်းသမားများအားပြောကြားခဲ့သည်။

“ သူတို့က အမေရိကန်ပြည်ထောင်စုကို ပစ်ခတ်မယ်ဆိုရင် ဒါဟာ အမေရိကန်နိုင်ငံကို တိုက်ခိုက်တာ သေချာပါတယ်။ အဲဒါကို သူတို့လုပ်မယ်ဆိုရင်တော့ တိုက်ပွဲက စပြီပေါ့” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဂူအမ်ကျွန်းအပါအဝင် အမေရိကန်နိုင်ငံ၏ ပိုင်နက်နယ်မြေကို မြောက်ကိုရီးယားနိုင်ငံက ဦးတည်ပြီး ဒုံးကျည်ဖြင့် တိုက်ခိုက်လာမည်ဆိုပါက “ အဲဒီအချိန်လေးမှာပဲ” ပင်တဂွန်စစ်ဌာနချုပ်က သိရှိနေပါလိမ့်မည်ဟု မက်တစ်က ဆိုသည်။

အမေရိကန်နိုင်ငံ ပိုင်နက်ထဲ ဒုံးကျည်တစ်ခုဖြင့် ဦးတည်တိုက်ခိုက်လာပါက အမေရိကန်စစ်တပ်အနေဖြင့် “ အဲဒါကို ပစ်ခတ်ဖျက်ဆီးပစ်မယ်လိုက်မှာပါ” ဟု ၎င်းက ဆိုသည်။

အကယ်၍ ဂူအမ်ကျွန်းဘက်ကို ဦးတည်တိုက်ခိုက်လာသော်လည်း အမေရိကန်ပိုင်နက်ကို မထိခိုက်လျင် “ အဲဒီလို ကိစ္စမျိုးမှာတော့ သမ္မတက ဘယ်လို ရွေးချယ်မလဲ ဆိုတဲ့အပေါ်ပဲ ဖြစ်လာမှာပါ” ဟု မက်တစ်က ဆက်လက်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားစစ်တပ်က သြဂုတ်လ ၉ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဂူအမ်ကျွန်းအား သြဂုတ်လလယ်ပိုင်းတွင် တာလတ်ပစ် ဒုံးကျည်ဖြင့် တိုက်ခိုက်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း နှင့် မြောက်ကိုရီးယားထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ်၏ ဆုံးဖြတ်ချက်ပေါ်တွင် မူတည်ပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က “ မြောက်ကိုရီးယားနိုင်ငံအနေနဲ့အမေရိကန်နိုင်ငံကို နောက်ထပ်ခြိမ်းခြောက်မှုတွေမလုပ်တာအကောင်းဆုံးပါပဲ။သူတို့ဟာ အရင်က ဘယ်တုန်းကမှ မကြုံဖူးခဲ့တဲ့ မီးကုန်ယမ်းကုန် တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့သွားရမှာပါ ” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.