ဆိုးလ် ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ၂ဝ၁၆ ခုနှစ် ဇွန်လတွင် တောင်ကိုးရီးယား လူငယ်များကြား အလုပ်လက်မဲ့နှုန်းသည် လွန်ခဲ့သော ၁၇ နှစ်အတွင်း ဇွန်လ၏ အမြင့်ဆုံး အလုပ်လက်မဲ့ စံချိန်ဖြစ်ကြောင်း တောင်ကိုးရီးယားနိုင်ငံအစိုးရက ဇူလိုင် ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) အမေရိကန် လွှတ်တော် အဆောက်အအုံ ပတ်ဝန်းကျင်၌ သေနတ်သမားတစ်ဦး ရောက်ရှိနေကြောင်း သတင်းရရှိခဲ့၍ ဇူလိုင်လ ၁၂ ရက်က လွှတ်တော်အဆောက်အအုံ အဝင်အထွက်များအား အရေးပေါ် ပိတ်ခဲ့ရကြောင်း သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ၆၉ နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော် အလံ တိုင်ဝက် လွှင့်ထူရန် နှင့် ဥသြဆွဲရန် အစိုးရရုံးဌာန အားလုံးသို့ ညွှန်ကြားထားကြောင်း နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။
ရာဘက်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) မော်ရိုကို အာဏာပိုင်များက ၎င်းတို့သည် နိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ Nador မြို့၌ မှောင်ခိုတင်ပို့မည့် ဆေးခြောက် ၁၃ တန်နီးပါးကို တားဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
သည်ဟိတ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ယခင် ဖိလစ်ပိုင် အစိုးရအဖွဲ့မှ တစ်ဖက်သတ် စတင်ခဲ့သည် တောင်တရုတ် ပင်လယ်အရေး စီရင်မှုအား ခုံသမာဓိအဖွဲ့မှ စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိသည့်အတွက် ၎င်း၏ဆုံးဖြတ်ချက်သည် ဥပဒေအကြောင်းအရာ တရားမဝင် ပျက်ပြယ်ကြောင်းနှင့် ဟာကွက်ရှိနေကြောင်း ကမ္ဘာအနှံ့မှ ပြောကြားနေသည့်ကြားမှ ၎င်းအဖွဲ့၏ စီရင်ဆုံးဖြတ်ချက် ထွက်ရှိလာခဲ့သည်။