Connect with us

North America

အမေရိကန် ကားပြိုင်ပွဲတွင် သေနတ်ပစ်ခံရသဖြင့် လူ ၃ ဦး သေဆုံး

Great Lakes Dragway ကားပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် ကားနှင့် ပရိသတ်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝစ်ကွန်စင်ပြည်နယ်တွင် ကျင်းပနေသည့် Great Lakes Dragway ကားပြိုင်ပွဲ တစ်ခု၌ အမျိုးသား သုံးဦး သေနတ်ပစ်ခံရကာ သေဆုံးခဲ့ကြောင်း၊ သေနတ်ပစ်ခတ်သူအား မသိရသေးကြောင်းနှင့် မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ကို မသိရသေးကြောင်း ဒေသခံ မီဒီယာက ဖော်ပြထားသည်။

ဝစ်ကွန်စင်ပြည်နယ် Union Grove ကျေးရွာတွင် နေဝင်ရီသရောအချိန်၌ “Larry’s Fun Fest” ဟု လူသိများသော Great Lakes Dragway ကားပြိုင်ပွဲ ကျင်းပနေစဉ် သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ပြိုင်ပွဲသို့ လာရောက် ကြည့်ရှုသူ ၅၀၀၀ ကျော်ရှိကြောင်း သိရသည်။အဆိုပါ အမျိုးသား သုံးဦးအား အခြား အမျိုးသား တစ်ဦးက လမ်းဘေး ဈေးဆိုင် တစ်ခုအနီးတွင် အနီးကပ် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း Kenosha ဒေသ ရဲအရာရှိ ဒေးဗစ်ဘတ်က သြဂုတ်လ ၁၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

သေဆုံးခဲ့သူများမှာ အသက် ၂၀ နှစ်နှင့် ၃၀ နှစ်အကြား ရှိပြီး အီလီနွိုက်မှ ဖြစ်ပြီး ၎င်းတို့မှာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပြန်ထားခြင်း မရှိပေ။ သေဆုံးသူများအနက် နှစ်ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်း ဖြစ်သည်။ (Xinhua)