Connect with us

Sport

မလေးရှား ဆီးဂိမ်း ဘောလုံး အုပ်စု အဖွင့်ပွဲစဉ်တွင် မြန်မာအသင်း နှစ်ဂိုး-ဂိုးမရှိ ဖြင့် စင်ကာပူ အသင်းအား အနိုင်ရ

မြန်မာ အသင်းမှ အောင်သူ၏ ယှဉ်ပြိုင် ကစားနေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MFF)

ရန်ကုန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

မလေးရှား နိုင်ငံ၌ ကျင်းပနေသည့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ ယူ-၂၂ ဘောလုံး အသင်း နှင့် စင်ကာပူ ယူ-၂၂ ဘောလုံး အသင်းတို့သည် ယနေ့သြဂုတ် ၁၄ ရက်တွင် ဘောလုံး အုပ်စု အဖွင့် ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့ရာ နှစ်ဂိုး-ဂိုးမရှိ ရလဒ်ဖြင့် မြန်မာ အသင်းက အနိုင်ရရှိခဲ့သည်။

ပထမပိုင်း ယှဉ်ပြိုင် ကစားချိန်တွင် မြန်မာအသင်းသည် ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် စင်ကာပူ အသင်း ဘက်သို့ထိုးဖောက် တိုက်စစ်ဆင် ကစားခဲ့ပြီး ဦးဆောင်ဂိုးအား ပထမပိုင်း ပြီးခါနီး ၄၅ မိနစ် အချိန်တွင် ကျောနံပါတ် ၉ အောင်သူက သွင်းယူပေးခဲ့သည်။ဒုတိယပိုင်း စတင်ချိန်တွင် စင်ကာပူ အသင်းသည် ချေပဂိုး ပြန်လည် ရရှိရန် တိုက်စစ်ဆင် ငြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာ အသင်းမှ ပြန်လည် ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ပြီး ဒုတိယပိုင်း ၆၁ မိနစ်တွင် အောင်သူက ဒုတိယ အနိုင်ဂိုးအား ထပ်မံ သွင်းယူပေးခဲ့သည်။

မလေးရှား ဆီးဂိမ်း ဘောလုံး အုပ်စု အဖွင့်ပွဲစဉ်သို့လာရောက် အားပေးကြသည့် မြန်မာ ပရိသတ်များအား တွေ့ရစဉ်(ဓာတ်ပုံ-MFF)

မြန်မာ အသင်းမှ ဦးဆောင်ဂိုး သွင်းယူ အပြီး အောင်ပွဲခံနေမှုများအား တွေ့ရစဉ်(ဓာတ်ပုံ-MFF)

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်း အုပ်စု(က)ပွဲစဉ်များအဖြစ် ယနေ့သြဂုတ် ၁၄ ရက်တွင် စင်ကာပူ အသင်း နှင့် ကစားခဲ့ပြီးနောက် သြဂုတ် ၁၆ ရက်တွင် လာအို အသင်း နှင့် လည်းကောင်း ၊ သြဂုတ် ၁၈ ရက်တွင် ဘရူနိုင်း အသင်း နှင့် လည်းကောင်း ၊ သြဂုတ် ၂၁ ရက်တွင် အိမ်ရှင် မလေးရှား နှင့် လည်းကောင်း ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း သိရသည်။(Xinhua)