ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်သည် ၇၁ကြိမ်မြောက် ကုလသမဂ အထွေထွေညီလာခံ သို့တက်ရောက်မည်ဖြစ်ကြောင်း ၊ ညီလာခံပြီးပါက ကနေဒါနိုင်ငံ နှင့် ကျူးဘားနိုင်ငံများသို့ အလည်အပတ်ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဟားဗတ်တက္ကသိုလ်၊ ဟားဗတ်ဖောင် ဒေးရှင်းက The 2016 Harvard Humanitarian of the Year ဆု ချီးမြှင့်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၁၄ ရက် (ဆင်ဟွာ)အစ္စရေးနိုင်ငံ သမ္မတ(ဟောင်း) ရှီမွန်ပီရက်စ်(Shimon Peres) သည် လေဖြတ်ဝေဒနာခံစားရသဖြင့် စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက ဆေးရုံတင်လိုက်ရကြောင်း ၎င်း၏ ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။အစ္စရေးနိုင်ငံ၏ ၉ ယောက်မြောက် သမ္မတကို တဲလ်အဗစ်မြို့အပြင်ဖက်ရှိ Tel Hashomer ဆေးရုံသို့တင်ပို့ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အသက်...
မော်စကို၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီ (WADA) ၏ ဒေတာဘေ့စ်အား မကြာသေးမီက ဟက်ကာများ တိုက်ခိုက်ခဲ့မှု တွင် မည်သည့်ပါဝင်မှုမှ မပြုလုပ်ခဲ့ကြောင်း ရုရှားက စက်တင်ဘာ ၁၃ ရက်တွင်ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါးခြင်း၊ တန်းတူညီမျှ မြှင့်တင်ရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဟူသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်များ (SDGs) ၂၀၃၀ အစီအစဉ် အတွက် ကမ္ဘာလုံးဆိုင်ရာ ပူးတွဲ အားထုတ်မှုနှင့်အတူ ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ...