Connect with us

North America

အမေရိကန်-မက္ကဆီကို နယ်စပ်၌ ကားနောက်တွဲတစ်ခုထဲတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ဖမ်းမိ

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ အား သယ်ဆောင်လာသည့် ထရပ်ကားတစ်စီးအား ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟူစတန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

မက္ကဆီကို နယ်စပ်နှင့် ထိစပ်နေသည့် အမေရိကန်မြို့တစ်မြို့တွင် သြဂုတ် ၁၄ရက် နေ့လည်ပိုင်းက ကားနောက်တွဲတစ်ခုအတွင်း တရားဝင်စာရွက်စာတမ်းများ မပါရှိသည့် ရွှေ့ပြောင်းနေထိုင်သူအုပ်စု တစ်စုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

သတင်းဖော်ပြချက်များအရ အမေရိကန်နိုင်ငံတောင်ပိုင်း တက္ကဆက်ပြည်နယ် McAllen မြို့အနီးရှိ မြို့တစ်မြို့တွင် ယင်းရွှေ့ပြောင်းနေထိုင်သူများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ကားနောက်တွဲသည် လူများနှင့် ပြည့်နှက်နေကြောင်း ရဲတပ်ဖွဲ့က မီဒီယာသို့ ပြောကြားခဲ့သည်။ရွှေ့ပြောင်းနေထိုင်သူ ၁၇ဦး မှာ ကားနောက်တွဲအတွင်း သော့ခတ်ပိတ်လှောင်ခံထားရပြီး ၎င်းတို့သည် မက္ကဆီကို၊ ဂွာတီမာလာ၊ ဟွန်ဒူးရက်စ် နှင့် ရိုမေးနီးယားနိုင်ငံများမှဖြစ်ကြောင်း သိရသည်။

ကားနောက်တွဲအတွင်းရှိ လူတစ်ဦး၏ ဆွေမျိုးဖြစ်သူက နောက်တွဲတစ်ခုတွင် ၎င်း၏ ဆွေမျိုးတစ်ဦး ပိတ်မိနေကြောင်း နှင့် ယင်းနောက်တွဲသည် အပူချိန်အလွန်မြင့်တက်လာကြောင်း ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားခဲ့သည်။ဆန်အန်တိုနီယို မြို့ တွင် ကားနောက်တွဲ တစ်ခုအတွင်းရှိ လူ အယောက် ၃၀ကို ရှာဖွေတွေ့ရှိခဲ့ပြီးတစ်လမပြည့်မီ ယခုဖြစ်ရပ်ထွက်ပေါ်လာခြင်းဖြစ်သည်။ ဆန်အန်တိုနီယို ကားနောက်တွဲ အတွင်းရှိ လူများအနက် ၁၀ဦးမှာ အပူချိန်မြင့်တက်မှုကြောင့် သေဆုံးသွားခဲ့ပြီး James Matthew Bradley အမည်ရှိ အသက် ၆၀နှစ်အရွယ် ကားမောင်းသူအား တရားမဝင် လူကုန်ကူးမှုစွဲချက်များဖြင့် တရားစွဲခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117