Connect with us

Education & Health

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေသန့်လုပ်ငန်း ပေါင်း ၃ဝဝ ကျော်အား စစ်ဆေးမည်

ရေသန့်ထုတ်လုပ်နေသော စက်ရုံတစ်ရုံအားတွေ့ရစဉ်(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေသန့် လုပ်ငန်း ပေါင်း ၃ဝဝ ကျော်ရှိအား FDA ၏ စံသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ စစ်ဆေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ထံမှ သိရသည်။

FDA မှ ထုတ်ပြန် ထားသောစံသတ် မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ ယခုလအတွင်း ကွင်းဆင်း စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ယင်းကဲ့သို့ စစ်ဆေးရာတွင် ရေသန့်စက်ရုံများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော ရေသန့် ထုတ် လုပ်မှုစည်းကမ်းချက်နှင့်အညီ လုပ်ကိုင်ခြင်းရှိ၊ မရှိ၊ စက်ရုံမှ ထုတ်လုပ်နိုင် သောပမာဏ ထက် ကျော်လွန် ထုတ်လုပ်နေခြင်း ရှိ၊ မရှိ၊ စက်ပစ္စည်းများအား ပြန်လည် ထိန်းသိမ်းပြုပြင်သည့် အစီအစဉ်များ ဆောင်ရွက်ထားခြင်းရှိ၊ မရှိတို့ကို စစ်ဆေး မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်း စစ်ဆေးရာတွင်FDA ၏ ထောက်ခံချက်ရရှိထားသောလုပ်ငန်းများ၊ ထောက်ခံချက် ပေးရန် စိစစ်နေဆဲ လုပ်ငန်းများအပြင် ထောက်ခံချက်လုံးဝ မရှိသေးသည့် လုပ်ငန်းများကိုလည်း စစ်ဆေး မည်ဖြစ်ကြောင်း သိရသည်။FDA ထောက်ခံချက် ရရှိထားသော ရေသန့် လုပ်ငန်းများ အနေဖြင့် စံသတ်မှတ်ချက်များကို လိုက်နာခြင်း မရှိပါက ထုတ်လုပ်မှု ယာယီရပ်ဆိုင်း၍ ပြုပြင်မှုများဆောင်ရွက်စေခြင်း၊ ထောက် ခံချက်မရှိသည့်လုပ်ငန်းများကို ပိတ်သိမ်းခြင်းနှင့် FDAသို့ ထောက်ခံချက် လျှောက်ထားပြီး ရရှိမှ သာ ပြန်လည် ထုတ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။(Xinhua)