Connect with us

North America

အီရတ် နိုင်ငံ မြောက်ပိုင်း စစ်ဆင်ရေး အတွင်း အမေရိကန် တပ်သား ၂ ဦး ကျဆုံး ၅ ဦး ဒဏ်ရာရရှိ

ဘဂ္ဂဒက် ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဌာန က သြဂုတ်လ ၁၃ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အမေရိကန် နိုင်ငံ တပ်ဖွဲ့ မှ အီရတ် နိုင်ငံ မြောက်ပိုင်းတွင် စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာတွင် အမေရိကန် တပ်သား ၂ ဦး ကျဆုံး ပြီး ၅ ဦး ဒဏ်ရရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထုတ်ပြန်ချက်တွင် ကနဦး အစီရင်ခံစားများအရ တပ်သားများ သေဆုံးဒဏ်ရာရရှိခဲ့ခြင်း သည် ရန်သူ နှင့် တိုက်ခိုက်မှု ဆောင်ရွက်စဉ် အတွင်း ဖြစ်ပွား ခဲ့ခြင်း မဟုတ်ကြောင်း၊ ဖြစ်စဉ် နှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှု များကို ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံ နှင့် အီရတ် နိုင်ငံ တို့၏ ၂၀၀၈ ခုနှစ်၌ ရေးထိုးခဲ့သည့် သဘောတူညီချက်အရ အမေရိကန် တပ်ဖွဲ့ သည် ၂၀၁၁ ခုနှစ်တွင် အီရတ် နိုင်ငံ မှ ပြန်လည် ထွက်ခွာခဲ့ပြီး စစ်သည် အနည်းငယ် ကို သာ အမေရိကန် သံရုံး လုံခြုံရေး အတွက် ချန်ရစ်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် IS အစွန်းရောက် အဖွဲ့အစည်း က အီရတ် နိုင်ငံ အနောက်ပိုင်း နှင့် မြောက်ပိုင်း နယ်မြေ အများအပြား သိမ်းပိုက်ခဲ့ပြီးနောက် အမေရိကန် နိုင်ငံ သည် အီရတ် နိုင်ငံ သို့ စစ်သည်အရေအတွက် တိုးမြင့် စေလွှတ်ခဲ့သည်။ လက်ရှိချိန်တွင် အီရတ် အတွင်း အမေရိကန် နိုင်ငံ တပ်ဖွဲ့ဝင် ထောင်နှင့်ချီ၍ ရောက်ရှိနေကြောင်း သိရှိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117