ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများမှ ပေါ်ပေါက်လာမည့် ပင်မ နိုင်ငံရေးဖြစ်စဉ်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုသည့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များကို ပေါင်းစပ်နိုင်ရန် အရေးကြီးကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုမိန့်ခွန်း အတွင်း ထည့်သွင်းပြောကြားသည်။
ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်သမ္မတ ရှီကျင့်ဖိန် (Xi Jinping) ၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ၂၀၁၅ ခုနှစ် ပြုပြင်ပြောင်းလဲရေး နှင့် တရားဥပဒေ စိုးမိုးရေး ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းဌာန ပေကျင်းရုံးခွဲမှ သတင်းထောက်သည်၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လျုံကြန့်ချောင် အား အာရှ အခြေအနေ နှင့် အရေးကြီးကိစ္စများအပေါ်အင်တာဗျူး မေးမြန်းခဲ့သည်။
မြန်မာပြည်မှာကျင်းပတဲ့ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်များရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန်ဟာ သောကြာနေ့ ညနေပိုင်း မှာ ပေကျင်းမြို့ကို ပြန်လည်ရောက်ရှိ လာပါတယ်။
တရုတ်နိုင်ငံဟာ အရှေ့အာရှနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရုံသာမက အချင်း ချင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ မြန်မာပြည်ကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန်က ပြောဆိုလိုက်ပါတယ်။ အရှေ့အာရှနိုင်ငံတွေ အနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖို့၊ ဒေသ ဆိုင်ရာ စီးပွားရေး ပေါင်းစည်းမှုကို တွန်းအားပေး...