Connect with us

Politics & Security

တောင်တရုတ်ပင်လယ် အပြုအမူဆိုင်ရာ သတ်မှတ်ချက် မူဘောင်အား အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ထောက်ခံ

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ခေါင်းဆောင်များအား တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နိုင်ငံခြားရေးဝန်ကြီးများက သြဂုတ်လ ၆ ရက်နေ့ အာဆီယံ-တရုတ် အစည်းအဝေး ပိတ်ပွဲ၌ အတည်ပြုရန်အတွက် တောင်တရုတ်ပင်လယ် အပြုအမူဆိုင်ရာ သတ်မှတ်ချက် (Code of Conduct) မူဘောင်အား သြဂုတ်လ ၅ ရက်က ထောက်ခံခဲ့ကြကြောင်း ဖိလစ်ပိုင် အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် နိုင်ငံခြားရေးရာဋ္ဌာန ယာယီပြောခွင့်ရပုဂ္ဂိုလ် Robespierre Bolivar က ပြောသည်။

အဆိုပါ မူဘောင်က ထိရောက်မှုရှိသော အပြုအမူဆိုင်ရာသတ်မှတ်ချက် တစ်ခုအဖြစ် တရုတ်နှင့် အာဆီယံအကြား ညှိနှိုင်းဆွေးနွေးရာတွင် အကူအညီဖြစ်စေမည် ဖြစ်ကြောင်း Bolivar က ဆိုသည်။

တောင်တရုတ်ပင်လယ် အပြုအမူဆိုင်ရာ သတ်မှတ်ချက် မူဘောင် ပေါ်ထွက်လာရေးသည် ရက်သတ္တပတ်ကြာ ပြုလုပ်ခဲ့သည့် အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေးများ၏ အဓိက ရလဒ်တစ်ခုအဖြစ် ပေါ်ထွက်လာစေမည် ဖြစ်ကြောင်း Bolivar က အစောပိုင်းတွင် ပြောကြားခဲ့သည်။

ယခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံက တာဝန်ယူနေခြင်း ဖြစ်သည်။

အာဆီယံအား ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.