Connect with us

Education & Health

မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော ရာသီတုပ်ကွေးရောဂါပိုး ပုံမှန်ဗိုင်းရပ်စ်ကို ကုသသော ဆေးများအားတုံ့ပြန်မှုရှိ

ရာသီတုပ်ကွေးကာကွယ်ရန် နှာခေါင်းစည်းထားသူ တို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ယခုမြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော ရာသီတုပ်ကွေးရောဂါပိုးအား ပြည်ပနိုင်ငံရှိ ဓာတ်ခွဲခန်းသို့ပို့ဆောင်၍ အသေးစိတ်စစ်ဆေးခဲ့ရာ ပုံမှန်ကုသသည့် ဗိုင်းရပ်စ်ကြောင့် ဖြစ်သော ရောဂါကိုကုသသော ဆေးများအား ၉၅% မှ ၉၈% ထိ တုံ့ပြန်မှုရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၃) ထည့်သွင်းထုတ်ပြန်ထားသည်။

ထို ထုတ်ပြန်ချက်ထဲတွင် ရောဂါပိုးမှာ တစ်ကမ္ဘာလုံး ပုံမှန်ပျံ့နှံ့သည့် ရာသီတုပ်ကွေးရောဂါပိုးအမျိုးအစားဖြစ်ကြောင်း၊ ပုံမှန်ကုသသည့် ဗိုင်းရပ်စ်ကြောင့် ဖြစ်သော ရောဂါကိုကုသသော ဆေးများအား ၉၅% မှ ၉၈% ထိ တုံ့ပြန်မှုရှိကြောင်း၊ ကြက်ငှက် တုပ်ကွေး ရောဂါပိုးနှင့် မျိုးရိုးဗီဇပေါင်းစပ်မှု မရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

အထူးသဖြင့် ရာသီတုပ်ကွေးရောဂါ ပြင်းထန်စွာခံစားရနိုင်သော အသက်အရွယ်ကြီးသူများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားနည်း သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး နည်းလမ်းများကို စနစ်တကျ အထူးသတိပြု လိုက်နာကြရန်လိုအပ်ကြောင်း သိရသည်။

သြဂုတ်လ (၄) ရက်နေ့၊ (၁၄:၀၀) နာရီမှ သြဂုတ်လ (၅) ရက်နေ့၊ (၁၄:၀၀) နာရီအထိ သံသယလူနာ (၂၀) ဦးအား ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ရာတွင် H1N1 ပိုးတွေ့လူနာ (၄) ဦး တွေ့ရှိခဲ့ကြောင်း၊ ထို့ကြောင့် ဇူလိုင်လ (၂၁) ရက်နေ့မှ ယနေ့မွန်းလွဲ (၁၄း၀၀)နာရီအထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်းလူနာ (၃၅၆) ဦးရှိခဲ့ပြီး ၎င်းတို့အနက် H1N1 ပိုးတွေ့လူနာစုစုပေါင်း (၁၃၆)ဦးရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း(၁၅)ဦးရှိကြောင်း သိရသည်။

သေဆုံးသူများ၏ အသက်အရွယ်အပိုင်း အခြားအရ အသက် (၅) နှစ်အောက်တွင် (၂) ဦး၊ အသက် (၅) နှစ်မှ (၁၂) နှစ် ကြားတွင် (၂) ဦးနှင့် အသက် (၁၃) နှစ်မှ (၆၅) နှစ်ကြားတွင် (၁၁) ဦးဖြစ်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူများတွင် သေဆုံးမှုနှုန်းမှာ (၄.၂)ရာခိုင်နှုန်းရှိကြောင်း၊H1N1 ရောဂါပိုးစစ်ဆေး တွေ့ရှိခဲ့သော်လည်း ယနေ့အထိ ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သေဆုံးရခြင်းမဟုတ်ဘဲ အခြားရောဂါဖြင့် သေဆုံးသူ စုစုပေါင်း (၁၂) ဦးရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ယနေ့ (၁၄:၀၀) နာရီအချိန်အထိ အထူးကုဆေးရုံကြီး (ဝေဘာဂီ)တွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၂၉)ဦးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့ အတွင်းလူနာ(၃၂)ဦး၊ စုစုပေါင်း (၆၁)ဦး ဆက်လက်ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း၊ အများစုမှာသက်သာလျက်ရှိပြီး မကြာခင် ဆေးရုံဆင်းနိုင်မည့်အခြေအနေ ရှိကြောင်း၊ ရောဂါဖြစ်ပွားမှုနှုန်းအများဆုံးဒေသများဖြစ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.