Connect with us

Africa & Middle East

တူရကီနိုင်ငံတွင် ဘတ်စ်ကားတစ်စီး မတော်တဆတိမ်းမှောက်ခဲ့ရာ လူ ၆ဦးသေဆုံး ၃၆ဦး ဒဏ်ရာရရှိ

တူရကီနိုင်ငံတွင် တိမ်းမှောက်ခဲ့သည့် ဘတ်စ်ကား အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စတန်ဘူလ်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ ပင်လယ်နက်ဒေသရှိ Amasya ပြည်နယ် တွင် သြဂုတ် ၅ ရက်က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ လူ ၆ဦးသေဆုံးပြီး အခြားလူ၃၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာကဖော်ပြခဲ့သည်။

သတင်းများအရ တူရကီနိုင်ငံသားများဖြစ်သည့် ခရီးသည် ၄ဦး နှင့် ကားမောင်းသူ တစ်ဦး သေဆုံးခဲ့ကြောင်း နှင့် အခြားသေဆုံးသူ တစ်ဦး၏ ကိုယ်ရေးအချက်အလက်များကို ဖော်ထုတ်နိုင်ရန် အာဏာပိုင်များက ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။အဆိုပါ ဘတ်စ်ကားသည် နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် အစ္စတန်ဘူလ်မြို့မှ ဆမ်ဆန်းမြို့သို့ မောင်းနှင်လာစဉ် Amasya ပြည်နယ် Merzifon ခရိုင် တွင် လမ်းချော်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း Anadolu သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

မျက်မြင်တွေ့ကြုံခဲ့သူတစ်ဦးက ဘတ်စ်ကား ယာဉ်မောင်းရုတ်တရက် အိပ်ပျော်သွားပြီးနောက် ယင်းသို့ တိမ်းမှောက်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း Haberturk သတင်းစာကဖော်ပြခဲ့သည်။ဒဏ်ရာရရှိသူများအား Merzifon မြို့ နှင့် Amasya မြို့ရှိ ဆေးရုံများသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။ (Xinhua)