ရန်ကုန် ၊ မေ ၂၄ ရက် (ဆင်ဟွာ)
မြန်မာ နိုင်ငံ တွင် (၄) နှစ် ခန့် တာဝန် ထမ်းဆောင် ခဲ့သည့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် နှုတ်ဆက်ပွဲ အခမ်းအနား အား မေလ ၂၄ ရက် ညပိုင်း အချိန် တွင် ရန်ကုန်မြို့ရှိ Wyndham Grand Hotel တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး သံအမတ်ကြီး က အနာဂတ် တွင် မည်သည့် နေရာ ရောက်ရှိနေသည် ဖြစ်စေ တရုတ်-မြန်မာ ချစ်ကြည်ရေး လုပ်ငန်း ကို အလေးထား ဂရုပြုနေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။