Connect with us

Politics, Law & Military

နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားပင်စင် သက်တမ်းကို ယခင်အတိုင်း နှစ် ၆၀ အဖြစ်သာ ထားရှိရန် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ဆုံးဖြတ်

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုမှ နိုင်ငံ့ဝန်ထမ်းများ၏ အငြိမ်းစားယူခွင့်ပြုသည့် သက်တမ်းအဆို ကို ပြည်ထောင်စု လွှတ်တော် အစည်အဝေးတွင် တင်သွင်းနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

နိုင်ငံ့ဝန်ထမ်းများ၏ အငြိမ်းစားယူခွင့်ပြုသည့် သက်တမ်းကို ယခုကျင့်သုံးနေသော အသက် ၆၀ နှစ် ပြည့်သည့်နေ့ရက်တွင် အငြိမ်းစားယူသည့် စနစ်ဖြင့်သာ ဆက်လက်ထားရှိရေး ပြည်ထောင်စု လွှတ်တော်နှင့် ပြည်ထောင်စု အစိုးရသို့တိုက်တွန်းကြောင်း အရေးကြီး အဆိုတစ်ရပ်ကို ဇူလိုင်လ ၉ ရက်တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြု၍ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ခဲ့သည်။

ယင်းအရေးကြီးအဆိုကို လွိုင်ကော် မဲဆန္ဒနယ်မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုက တင်သွင်းခဲ့ဲခြင်းဖြစ်သည်။ အဆိုကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ပါဝင် ဆွေးနွေးခဲ့ပြီး အဆိုရှင်၏ သဘောထားအရ လွှတ်တော်၏ ဆန္ဒရယူပြီး မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယနေ့အချိန်အခါတွင် နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစား ယူခွင့်ပြုသော သက်တမ်းကို အသက် ၆၃ နှစ်သို့ပြောင်းရွှေ ့သတ်မှတ် ခြင်းအားဖြင့် ရရှိဖြစ်ပေါ်လာမည့် အကျိုးတရားများသည် ဝန်ထမ်းကြီး အချို့အတွက်သာ ထောက်ပံ့မူ အနည်းငယ် ဖြစ်စေနိုင်မည် ဖြစ်ပြီး လက်ရှိနိုင်ငံ့ ဝန်ထမ်းများနှင့် အလုပ်အကိုင် မရရှိသေးသော ပညာတတ် လူငယ်များစွာအတွက် ယနေ့ရော နောင်အနာဂတ်များမှာပါ ဆိုးကျိုးများစွာကို ဖြစ်ပေါ် စေလာနိုင်သည့်အတွက် လက်ရှိသက်မှတ် ထားသည့်အတိုင်း နိုင်ငံ့ဝန်ထမ်းများ၏ သက်တမ်းကို နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် အသက် ၆၀ အဖြစ်သာ ဆက်လက် ထားရှိနိုင်ရေး အတွက် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုက အဆိုတင်သွင်းရခြင်း နှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး မြင်ကွင်း (ဆင်ဟွာ)

ယင်းအဆိုအပေါ် လွှတ်တော် ကိုယ်စားလှယ်များက ဝင်ရောက် ဆွေးနွေးရာတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ဇော်ဝင်းနိုင်က အဆိုမှာ အကြောင်းတရား အားဖြင့် မှန်ကန်မှု ရှိစေရန် အတွက်နှင့် နိုင်ငံတော် အစိုးရက ထုတ်ပြန်ထားသော ဥပဒေ ၊ နည်းဥပဒေ ၊ လုပ်ထုံးလုပ်နည်း ၊ ဝန်ထမ်း စည်းမျဉ်းများနှင့် ကိုက်ညီမှု ရှိစေရန် အတွက် ဖြစ်သည်ဟု ထင်မြင် ယူဆမိပါသည်။ အကျိုးတရားအားဖြင့် မည်သည့်ကိစ္စတွင် ဖြစ်စေ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ကိုက်ညီရန် လိုအပ်ပြီး ပြဌာန်းထားသည့် ဥပဒေ ၊ နည်းဥပဒေများနှင့် ညီညွတ်မှု ရှိစေရန် အတွက် လိုက်နာ ဆောင်ရွက်နိုင်ပါရန် ဆွေးနွေး တင်ပြခဲ့သည်။

အလုံ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က အဆိုအပေါ် ထောက်ခံ ဆွေးနွေးရင်း “အသက် ၆၀ အထိ အလုပ်လုပ်ကြတာဟာ တော်တော် များသွားပါပြီ။ အသက် ၆၀ ထက် ပိုလုပ်ချင်တဲ့ သူတွေဟာ သူ့ဘဝမှာ စီးပွားရေး အဆင်မပြေမှုတွေ ရှိသေးလို့သာ ဆက်လုပ်ချင်နေကြတဲ့ ဝန်ထမ်းတွေ ဖြစ်ပါတယ်။ ရာထူး ၊ အာဏာကြောင့် မထွက်ချင်သေးဘူး ဆိုတာမျိုးကတော့ မရှိသင့်ပါဘူး။ မဖြစ်သင့်ပါဘူး ” ဟု ထည့်သွင်း ဆွေးနွေးခဲ့သည်။

ယင်းအဆိုအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ပြန်လည် ရှင်းလင်းတင်ပြရာတွင် ကောင်းသည့်ဘက်က ကြည့်ပါက ပင်စင် သက်တမ်းကို တိုးပေးလိုက်မည် ဆိုရင် နိုင်ငံအတွက် အဓိက လိုအပ်နေသည့် ကျွမ်းကျင် ပညာရှင်များ ၊ အတွေ့အကြုံများ ၊ လုပ်အားများ ဆုံးရှုံးမှုမှ ရှောင်ရှားနိုင်မည့် အနေအထား ဖြစ်သည်။ဘဏ္ဍာရေး ရှုထောင့်မှ ကြည့်မည်ဆိုပါက အသက် ၆၀ မှာ ပင်စင်မပေးဘဲနှင့် ဆက်လက်ပြီး တာဝန်ပေးနိုင်မည်ဆိုပါက ပင်စင်လစာအပိုင်းမှာ နိုင်ငံတော်အတွက် ဘဏ္ဍာငွေ တဖက်တလမ်းက ခြိုးခြံချွေတာ ပေးရာ ရောက်မည်ဟု မှတ်ယူပါသည်။ လောလောဆယ်တွင် နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ သက်ပြည့်ပင်စင်ကို နည်းဥပဒေအရ အသက် ၆၀ ဟု သတ်မှတ်ထားခြင်း ရှိသည်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် နိုင်ငံတော်၏ အကျိုး ၊ နိုင်ငံ့ဝန်ထမ်း အများစုအတွက် အကျိုးရှိမည်ဆိုပါက သင့်လျှော်သော အချိန်အခါတွင် သက်ပြည့် ပင်စင်သက်တမ်းကို တိုးမြှင့်ပေးသင့်ပါက တိုးမြှင့်ပေးနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်း တင်ပြခဲ့သည်။

ယင်းအဆိုနှင့် ပတ်သက်၍ အဆိုရှင်၏ သဘောထားအတိုင်း လွှတ်တော်၏ ဆန္ဒကို မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၃၇၉ မဲ ၊ ကန့်ကွက်မဲ ၁၆၈ မဲ ၊ ကြားနေမဲ ၇ မဲ ဖြင့် ထောက်ခံ ဆန္ဒမဲများသည့်အတွက် အဆိုအား အတည်ပြုခဲ့သည်။ယခုအချိန်တွင် မြန်မာနိုင်ငံ၌ အစိုးရလခစား ဝန်ထမ်းပေါင်း ၉၇၀,၀၀၀ ကျော်နှင့် နေ့စား လခစား ၁၃၀,၀၀၀ ကျော် ၊ စုစုပေါင်း အစိုးရ ဝန်ထမ်းပေါင်း ၁,၃၅၅,၃၇၀ ၊ အလုပ်သမား ၇,၃၇၆,၃၀၈ ၊ လုပ်ငန်းရှင် ၁,၀၄၅,၉၈၂ ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူ ၈,၇၁၄,၅၄၅ ၊ အလုပ်ရှာဆဲ ၉၅၄,၅၀၆ ၊ မိသားစုလုပ်ငန်း လုပ်ကိုင်သူ ၃,၉၂၉,၃၇၄ ၊ အငြိမ်းစား ၃၅၅,၆၆၅ ရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။ နိုင်ငံ့ဝန်ထမ်းများ အတွက် အသုံးစရိတ်ကို နိုင်ငံတော် ဘဏ္ဍာ ရန်ပုံငွေမှ တိုက်ရိုက်ကျခံသည့် စနစ်နှင့် ဆောင်ရွက်နေရခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.