တိုကျို၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံရှိ နေရာအတော်များများ၌ မိုးသည်းထန်မည်ဟု ခန့်မှန်းထားခြင်းကြောင့် ဂျပန် မိုးလေဝသအေဂျင်စီ (JMA) က မြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများ သတိပေးချက် ထုတ်ပြန်ထားကြောင်း ဒေသတွင်း မီဒီယာက သတင်းဖော်ပြထားသည်။
တိုကျို ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် စနေနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြီးမားသော ရွှံ့ညွန်ပြိုကျမှုဖြစ်ပွားပြီးနောက် လူ ၂ ဦးသေဆုံးပြီး အခြား ၂၀ ခန့် ပျောက်ဆုံးလျက်ရှိကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဆိုသည်။
တိုကျို ၊ ဇွန် ၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အိုလံပစ်ကော်မတီ (JOC) မှ အဆင့်မြင့်အရာရှိတစ်ဦးသည် ယနေ့ ဇွန် ၇ ရက် နံနက်အစောပိုင်းက မြေအောက်ရထားတစ်စင်းရှေ့သို့ ခုန်ဆင်းသွားပြီးနောက် သေဆုံးသွားခဲ့ကြောင်း တိုကျိုမြို့တော် ရဲတပ်ဖွဲ့သတင်းအရင်းအမြစ်ကို ကိုးကား၍ နီပွန်ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။
တိုကျို၊ ဇွန် ၃ ရက် (ဆင်ဟွာ) ရက်ပေါင်း ၅၀ အတွင်း ကျင်းပတော့မည့် တိုကျိုအိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် အားကစားပွဲများ ကျင်းပရန် နီးကပ်လာချိန်တွင် စေတနာ့ဝန်ထမ်း ၈၀,၀၀၀ အနက် ၁၀,၀၀၀ ခန့် နုတ်ထွက်သွားခဲ့ကြောင်း ဇွန် ၂ ရက်တွင် ထုတ်ပြန်ထားသည့် သတင်းများအရ သိရသည်။
တိုကျို၊ဇွန် ၃ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏ အဓိကတိုက်လေယာဉ်အုပ်စုကို ကျယ်ကျယ်ပြန့်ပြန့်တိုးချဲ့သွားရန် အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဂျပန်ပင်လယ်ပြင်ကမ်းရိုးတန်းတွင် တည်ရှိရာ Ishikawa စီရင်စုရှိ ကိုမတ်ဆုလေတပ်အခြေစိုက်စခန်းသို့ F-35 ခေတ်မီကိုယ်ပျောက်ဂျက်တိုက်လေယာဉ်များ ပို့ဆောင်တပ်ချထားရန် စီစဉ်လျက်ရှိကြောင်း အစိုးရသတင်းအရင်းအမြစ်၏ ဇွန် ၂ ရက်က ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်း သတင်းမီယာကဖော်ပြခဲ့သည်။
ပေကျင်း၊ ဇွန် ၂ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ Kobeမြို့ တွင် ယခင်က ပြည်တွင်း၌မတွေ့ရှိရသေးသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ် တစ်မျိုးကိုတွေ့ရှိခဲ့ရာ ၎င်းမှာ ဗြိတိန်၌တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်၏ ထပ်မံအသွင်ပြောင်းမှုဖြစ်သည်ဟု Kobeမြို့အစိုးရက ဇွန် ၁ ရက်တွင် ကြေညာခဲ့ကြောင်း NHK သတင်းများအရ သိရသည်။
တိုကျို၊ မေ ၂၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ Kurushimaရေလက်ကြား အနီးတွင် မေ ၂၇ ရက် ဒေသစံတော်ချိန် ညပိုင်း ၁၁ နာရီ ၅၅ မိနစ်ခန့်က ဂျပန်ကုန်သင်္ဘောနှင့် မာရှယ်ကျွန်းစုနိုင်ငံ ကုန်သင်္ဘောတိုက်မိမှုဖြစ်ပွားခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့၏ ယင်းနေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ အချင်းဖြစ်ရပ်ကြောင့် ဂျပန်ကုန်သင်္ဘောနစ်မြုပ်ခဲ့ပြီး ဂျပန်သင်္ဘောသား...
တိုကျို ၊ မေ ၂၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အိုလံပစ်ကော်မတီက ဇွန် ၁ ရက်မှစတင်၍ တိုကျိုအိုလံပစ် အားကစားပွဲတွင် ဂျပန်နိုင်ငံကိုယ်စားပြုမည့် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများကို COVID-19 ရောဂါ ကာကွယ်ဆေး ဦးစားပေး ထိုးနှံသွားမည်ဖြစ်ကြောင်း လတ်တလောရက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဝါရှင်တန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံတွင် တိုကျိုအိုလံပစ် စတင်ရန် နှစ်လခန့်အလိုတွင် COVID-19 ရောဂါဖြစ်ပွားမှု အန္တရာယ်ကြောင့် အမေရိကန်နိုင်ငံသားများအား ဂျပန်နိုင်ငံသို့ ခရီးသွားလာခြင်းမပြုရန် မေ ၂၄ ရက်က အကြံပြုထားကြောင်း သိရသည်။
ပေကျင်း ၊ မေ ၁၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံက နျူကလီးယား ညစ်ညမ်းရေများကို ပင်လယ်ထဲသို့ စွန့်ထုတ်လိုက်ခြင်းသည် မျက်နှာလွှဲ လုပ်ဆောင်မှုမျိုးဖြစ်ကြောင်း ၊ တစ်ကိုယ်ကောင်းဆန်ပြီး မိမိကိုယ်ကျိုးသာကြည့်သော ဆောင်ရွက်မှုမျိုးဖြစ်ကြောင်း ၊ နိုင်ငံတကာအသိုင်းအဝိုင်း နှင့် အနာဂတ်လူသားမျိုးနွယ်အတွက် နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်ပေါ်စေကြောင်း ၊ ဂျပန်နိုင်ငံအစိုးရ...