Connect with us

Media

ဂျပန်နိုင်ငံက ဖူကူရှီးမား နျူးကလီးယား ညစ်ညမ်းရေများကို ဩဂုတ် ၂၄ ရက်တွင် သမုဒ္ဒရာအတွင်း စတင်စွန့်ထုတ်မည်

တိုကျို၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံက အကြီးအကျယ်ထိခိုက်ပျက်စီးခံထားရသော ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားစွမ်းအင်စက်ရုံမှ နျူကလီးယားညစ်ညမ်းရေများကို ဩဂုတ် ၂၄ ရက်မှစ၍ သမုဒ္ဒရာအတွင်းသို့ စတင်စွန့်ထုတ်ရန် ဆုံးဖြတ်လိုက်သည်ဟု အစိုးရက ဩဂုတ် ၂၂ ရက်၌ ကြေညာခဲ့ကြောင်း သိရသည်။

ယင်းဆုံးဖြတ်ချက်အား အဏ္ဏဝါသဘာဝပတ်ဝန်းကျင် နှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြန်ပြောင်း၍ မရနိုင်သော သက်ရောက်မှုများနှင့် ပတ်သက်၍ ဒေသခံငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများအပြင် အိမ်နီးချင်းနိုင်ငံများ နှင့် ပစိဖိတ်ကျွန်းနိုင်ငံများမှ အပြင်းအထန်ဆန့်ကျင်နေသည့်ကြားမှ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
Japan to start ocean discharge of Fukushima nuke wastewater Thursday
The Japanese government announced Tuesday it has decided to start releasing nuclear-contaminated wastewater from the crippled Fukushima Daiichi Nuclear Power Plant into the ocean on Thursday.
The decision was made amid strong opposition from neighboring and Pacific island countries, as well as local fishermen over the irreversible impacts on the marine environment and public health.
Xinhua News Agency correspondents reporting from Tokyo.(XHTV)