ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ) တရုတ် အမျိုးသားဥပဒေပြုလွှတ်တော်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအား မတ်လ ၁၅ ရက်တွင် ပြုလုပ်သော နှစ်ပတ်လည်အစည်းအဝေးပိတ်ပွဲ၌ အတည်ပြုလိုက်ကြောင်း သိရသည်။
ရှီးချန်း၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ ဆက်သွယ်ရေးဂြိုဟ်တုသစ် တစ်စင်းအား မတ် ၁၀ ရက်တွင်လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ) ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) အား ပို၍ ကျယ်ပြန့်သော ပြခန်းဧရိယာနှင့် ပြုလုပ်မည် ဖြစ်ပြီး နိုင်ငံများနှင့် စီးပွားရေးအဖွဲ့အစည်းများ ပိုမိုတက်ရောက်ကြမည် ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး ကျုံးဆန်းက မတ်လ ၉ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ဒုတိယအကြိမ် မျက်နှာစုံညီ နှစ်ပတ်လည်အစည်းအဝေးအား မတ်လ ၈ ရက်နေ့လယ်ပိုင်းက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံတကာ အမျိုးသမီးများနေ့တွင် လက်ရှိကျင်းပနေသော အစည်းအဝေး နှစ်ခုသို့ တက်ရောက်နေကြသည့် အမျိုးသမီး ဥပဒေပြုအမတ်များ၊ နိုင်ငံရေး အကြံပေးများ၊ အစိုးရဝန်ထမ်းများအပြင် လူမျိုးစုအားလုံးနှင့် အလွှာအသီးသီးမှ အမျိုးသမီးများအားလုံးထံ မတ်လ ၈ ရက်က နှုတ်ခွန်းဆက်ခြင်းနှင့်...
ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဧပြီလနှောင်းပိုင်း၌ ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်ဖွင့်ပွဲသို့ သမ္မတ ရှီကျင့်ဖိန် တက်ရောက်ကာ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ) တရုတ် တိုင်ပေရှိ တိုင်တန်ခရိုင်အနီး ပင်လယ်ပြင်တွင် မတ်လ ၈ ရက် နံနက် ၁၀း၃၂ နာရီက ပြင်းအား ၅.၃ ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တရုတ် ငလျင်ကွန်ရက်များစင်တာ (CENC) ထံမှသိရသည်။
နန်နင်း ၊ မတ် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီဇူအန်း(Guangxi Zhuang) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂ဝ၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သော ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အစီအစဉ်အရ ယခုနှစ် ဖေဖော်ဝါရီ ၂၈ရက် မှစတင်ကာ စုစုပေါင်း နွမ်းပါးပြည်သူ ၆၉၅,ဝဝဝ ဦးကို ပိုမိုကောင်းမွန်သော လူနေမှုဘဝသို့ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးစား နိုင်ငံပိုင်စီးပွားရေးဘဏ်များသည် အသေးစား နှင့် မိုက်ခရိုစီးပွားရေးလုပ်ငန်းများ အတွက် ချေးငွေအား ၂၀၁၉ခုနှစ်တွင် ၃၀ရာခိုင်နှုန်းကျော် တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အစိုးရအလုပ်အစီရင်ခံစာအရ သိရသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ၂၀၁၉ ခုနှစ်အတွင်း မိုဘိုင်းအင်တာနက်ဝန်ဆောင်မှု ပျမ်းမျှနှုန်းထား ၂၀ ရာခိုင်နှုန်းကျော် လျှော့ချမည် ဖြစ်ကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် Broadband ဝန်ဆောင်မှု ပျမ်းမျှနှုန်းထားအား ၁၅ ရာခိုင်နှုန်း လျှော့ချမည် ဖြစ်ကြောင်း အလုပ်အစီရင်ခံစာအရ သိရသည်။