Connect with us

Media

တရုတ်နိုင်ငံ တောင်ပိုင်းတွင် မာကွိုင်ပွဲတော်၌ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ပါဝင်ဆင်နွှဲ

ကွမ်ရှီး၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တုန်းလန်ခရိုင်တွင် ဒေသခံ ကျွမ့်လူမျိုးစု ကျေးရွာသားများက ကျင်းပသော မာကွိုင်ပွဲတော်အခမ်းအနားများကို တရုတ်နိုင်ငံသားများနှင့် နိုင်ငံခြားခရီးသွားဧည့်သည်များ ပါဝင်ဆင်နွှဲခဲ့ကြသည်။
အဆိုပါ ပွဲတော်ကို တရုတ်ပြက္ခဒိန်၏ ဒုတိယမြောက်လ ဒုတိယနေ့၊ ယခုနှစ်တွင် ဖေဖော်ဝါရီ ၂၁ ရက်၌ ကျင်းပခြင်းဖြစ်သည်။
“မာကွိုင်” ဆိုသည်မှာ ဒေသခံဘာသာစကားဖြင့် ဖားများဟု အဓိပ္ပါယ်ရပြီး ကျွမ့်လူမျိုးများထံ ချမ်းသာသုခနှင့် ကြွယ်ဝချမ်းသာမှုကို ကိုယ်စားပြုကြောင်း သိရသည်။
မာကွိုင်ပွဲတော်သည် တရုတ်နိုင်ငံ၏ အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအနက် တစ်ခုအဖြစ် စာရင်းဝင်ထားပြီးဖြစ်သည်။ (Xinhua)

……………………………………..

(English Version)
Visitors experience Maguai Festival in S. China
In Donglan County, south China’s Guangxi Zhuang Autonomous Region, Chinese and foreign visitors experienced the Maguai Festival celebrations staged by local Zhuang ethnic villagers.
The festival is celebrated around the second day of the second lunar month, which fell on Tuesday this year.
“Maguai” means frogs in local language, which represent prosperity and wealth to the Zhuang ethnic people. The Maguai Festival has been listed as one of China’s national intangible cultural heritages.
Xinhua News Agency correspondents reporting from Nanning, China.
(XHTV)