Connect with us

Economy

မုန်တိန်-ချင်းရွှေဟော် နယ်စပ်ဂိတ် အပြည့်အဝ ဂိတ်ဖြတ်သန်းနိုင်ပြီ

တရုတ်-မြန်မာ နယ်စပ် မုန်တိန်-ချင်းရွှေဟော်နယ်စပ်၌ ကုန်စည်ပို့ဆောင်မှုများအား တွေ့ရစဉ်(ဓာတ်ပုံ - Chinese Embassy in Myanmar)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အရေးပါသောနယ်စပ်ဂိတ်ဖြစ်သည့် မုန်တိန်-ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ခရီးသည်များ ဂိတ်ဖြတ်သန်းသွားလာမှုကို အပြည့်အဝ ပြန်လည်စတင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဖေဖော်ဝါရီ ၂၄ ရက်ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်-မြန်မာ နယ်စပ် မုန်တိန်-ချင်းရွှေဟော်နယ်စပ်၌ ကုန်စည်ပို့ဆောင်မှုများအား တွေ့ရစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar)

ခရီးသည်များ ဂိတ်ဖြတ်သန်းသွားလာမှု ပြန်လည်စတင်သည့်နေ့တွင် ပြည်ဝင်ပြည်ထွက်လုပ်ငန်းစဉ်များ လာရောက်ဆောင်ရွက်ကြသည့် ခရီးသွားများ များပြားလှကြောင်း၊ ဝန်ထမ်းများကလည်း ပြည်ဝင်ပြည်ထွက်ခရီးသွားများအတွက် ဂိတ်ဖြတ်သန်းသွားလာရေး လုပ်ထုံးလုပ်နည်းများကို စိတ်အားထက်သန်စွာ ဆောင်ရွက်ပေးပြီး အားလုံးကို ဘေးကင်းလုံခြုံစွာ၊ စနစ်ကျစွာ၊ ထိရောက်စွာ ဂိတ်ဖြတ်သန်းသွားလာနိုင်ရန် ဘက်စုံအာမခံချက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)