Connect with us

Media

ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ခေါက်စက်ဘီး ထွက်ရှိလာ

ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
ဟိုက်ဒရိုဂျင်စွမ်းအင်ဆဲလ်နှင့် ဖိအားနည်း ဟိုက်ဒရိုဂျင်သိုလှောင်ထားသော ကိရိယာတပ်ဆင်ထားပြီး စွန့်ပစ်အနေဖြင့် ရေသာထွက်ရှိသော ခေါက်စက်ဘီးကို တရုတ်နိုင်ငံက ထုတ်လုပ်လိုက်ပြီဖြစ်သည်။

အဆိုပါ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ခေါက်စက်ဘီးသည် လီသီယမ်ဘက်ထရီကို အသုံးပြုသော သမားရိုးကျ လျှပ်စစ်စက်ဘီးများထက် သက်တမ်းပိုရှည်သည်ဟု ဆိုသည်။ ယင်းစက်ဘီး၏ ဟိုက်ဒရိုဂျင် လောင်စာဆဲလ်ကို အသုံးပြုနေစဉ်အတွင်း ရေသာ ထွက်ရှိခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ပို၍ ကိုက်ညီမှုရှိသည်။
ထိုခေါက်စက်ဘီး၏ စွမ်းအင်အနေဖြင့် ခြေနင်းပြားများအရှိန်ဖြင့်နင်းရာမှ စွမ်းအင်ထုတ်လုပ်ထားခြင်းဖြစ်သည်။

အဆိုပါ စက်ဘီးများကို မတ်လကုန်ပိုင်းတွင် အများအပြားထုတ်လုပ်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်မတိုင်မီအထိ နှစ်စဉ်ထုတ်လုပ်နိုင်စွမ်း အစီးရေ ၂၀၀,၀၀၀ အထိ ရောက်ရှိနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)
……………………………………..

(English Version)
World’s first folding hydrogen-powered bike rolls off production line

Equipped with a hydrogen fuel cell and a low-pressure hydrogen storage device, the only waste produced by this environmentally friendly bicycle is water! Join us at the Chinese enterprise behind this exciting prototype to learn more.
Chinese firm launches a folding hydrogen-powered bike with a longer lifespan than traditional e-bikes using lithium batteries. And its hydrogen fuel cell produces only water during use, making it more eco-friendly.
Power is generated by the speed at which the rider pedals.
The bikes will go into mass production in late March with annual production capacity expected to reach 200,000 by 2025.