ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် အခြေခံပညာကျောင်းများ ပြန်ဖွင့်ရာတွင် အသင့်ဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများသို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် လမ်းညွှန်ထားကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့ ဇန်နဝါရီ ၇ ရက်တွင်ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပညာသင်ကြားရေး အဆက်မပြတ်စေရန် အင်တာနက် အွန်လိုင်း၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုများမှတဆင့် သင်ခန်းစာများအား သင်ကြားပို့ချပေးမည့် အစီအစဉ်ကို နိုဝင်ဘာလတွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းရှိမရှိကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်မှုပေါ် မူတည်၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း နှင့် လက်ရှိအချိန်တွင် ကျောင်းသူကျောင်းသားများ အတန်းပညာအား စဉ်ဆက်မပြတ်လေ့လာနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ဆင်ဟွာသို့အောက်တိုဘာ ၇ ရက်တွင်ပြောကြားသည်။
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ပညာရေးဝန်ကြီးဌာနအနေဖြင့် စာသင်ကျောင်းများတွင် ကာယပညာသင်ကြားလေ့ကျင့်မှုဆိုင်ရာ သင်ခန်းစာများကို လာမည့်သင်ရိုးညွှန်တမ်းသစ်တွင် ထည့်သွင်းရေးဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့ သြဂုတ် ၁၁ ရက် တွင်ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် အဆင့်မြင့်ပညာရေးကဏ္ဍတွင် အဓိကပြုပြင်ပြောင်းလဲမှုများ၊ အကဲဖြတ်နည်းလမ်းများ ပြန်လည်ဖွဲ့စည်းခြင်းနှင့် မိခင်ဘာသာစကားဖြင့် သင်ကြားသည့် ကလေးငယ်များ၏ အခြေခံ ပညာသင်ကြားမှုများ ပါဝင်သော ပညာရေးမူဝါဒသစ်ကို အိန္ဒိယနိုင်ငံ အစိုးရက ဇူလိုင်၂၉ရက်တွင် အတည်ပြု ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) အခြေခံပညာမူလတန်း Grade-2, Grade-3 တွင် အင်္ဂလိပ်စာ ဘာသာရပ်ကို AR (သုံးဖက်မြင်ပုံရိပ်ယောင် ရုပ်လုံးကြွ)နှင့် 4D ရုပ်လုံးကြွ နည်းပညာဖြင့် သင်ကြားနိုင်ရန် စီစဉ်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ယနေ့ ဇွန် ၂၉ ရက်တွင်...
ပေကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာရှုထောင့်အမြင်ရှိသော အဆင့်မြင့်ပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်ရန် ပညာရေးကဏ္ဍတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရန်နှင့် ထပ်မံ၍ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနက ဇွန်၁၈ ရက်တွင် ပြောကြားခဲ့သည်။
ဟောင်ကောင်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ရှိ ဗဟိုပြည်သူ့အစိုးရ၏ ဆက်ဆံရေးရုံးက ဟောင်ကောင်တွင် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” မူဝါဒနှင့်အညီ ပညာရေးစနစ်တစ်ခု တိုးမြှင့် တည်ထောင်ရေးအတွက် HKSAR အစိုးရကို အခိုင်အမာ ထောက်ခံကြောင်း ဇွန် ၁၂ ရက်က ပြောကြားလိုက်သည်။
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) အခြေခံပညာ Grade-1 မှ Grade-9 အထိ အောင်စာရင်းများကို ဇွန်လဒုတိယပတ် နောက်ပိုင်းတွင်ထွက်ရှိနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ ကို ဇွန် ၅ ရက်တွင် စတင်စစ်ဆေး သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက...
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ် ကျောင်းဖွင့်ချိန် တွင် COVID-19 ရောဂါ ကြောင့် အွန်လိုင်းစနစ်ဖြင့် သင်ကြားမည် ဟု ပြင်ပ တွေ ပြောဆိုနေကြခြင်းသည် စဉ်းစားသည့်အချက်များထဲမှ အချက်တစ်ခုသာဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် တစ်ခြားနိုင်ငံ များ ၏ လုပ်ပုံလုပ်နည်းအားလေ့လာ၍ မြန်မာနိုင်ငံ...