Connect with us

Media

တရုတ်နိုင်ငံနှင့်အာဆီယံတို့က နိုင်ငံတကာလူငယ်ကူးလူးဖလှယ်ဆက်ဆံရေးအား မြှင့်တင်

ကွေ့ကျိုး ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ၂၀၂၃ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှုသီတင်းပတ်အား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား အနာဂတ်ပညာရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအား အဓိကထား၍ “ပညာရေးပူးပေါင်းဆောင်ရွက်မှုအတွက် ရူပါရုံအသစ် ၊ ရပ်ဝန်းနှင့်ပိုးလမ်းမအတွက် ဘုံသာယာဝပြောရေး” ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

“တရုတ်-လာအိုရထားလမ်း ဖွင့်လှစ်ပြီးတဲ့နောက် နှစ်နိုင်ငံ သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့ရေးနဲ့ စီးပွားရေးမြှင့်တင်ရေး နှစ်ခုလုံးအတွက် အဲဒါက ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်”ဟု တရုတ်နိုင်ငံရှိ လာအိုကျောင်းသား VANHSAI HOME NGERN က ပြောကြားခဲ့သည်။

“ဒါက အနာဂတ်မှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအကြားမှာ ပိုမိုပူးပေါင်းဆောင်ရွက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဥပမာဆိုရင် ထိုင်းပြည်သူတွေအနေနဲ့ တရုတ်နိုင်ငံကို ဗဟုသုတတွေ ၊ ယဉ်ကျေးမှုတွေ ပိုမိုလေ့လာနိုင်ဖို့ ၊ တရုတ်နိုင်ငံရဲ့ ဓလေ့ထုံးထမ်းတွေ တွေ့ကြုံခံစားနိုင်ဖို့ လာရောက်နိုင်ပါတယ်။ ပြီးတော့ တရုတ်ပြည်သူတွေကလည်း ထိုင်းနိုင်ငံကို ကျွန်မတို့ရဲ့ ယဉ်ကျေးမှုတွေ တွေ့ကြုံခံစားနိုင်ဖို့ လာရောက်နိုင်ပါတယ်။ ယဉ်ကျေးမှုအရ ပိုမိုနက်ရှိုင်းတဲ့ ကူးလူးဖလှယ် ဆက်ဆံမှုတွေ ကျွန်မတို့ လုပ်နိုင်ပါသေးတယ်” ဟု တရုတ်နိုင်ငံရှိ ထိုင်းကျောင်းသူ CHALISA CHAISAENSUK က ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(English Version)
China, ASEAN promote international youth exchanges
From August 28 to September 2, the 2023 China-ASEAN Education Cooperation Week was held in southwest China’s Guizhou Province.
The event, themed “New Vision for Education Cooperation, Common Prosperity for the Belt and Road,” focused on boosting future education cooperation between China and ASEAN countries.
SOUNDBITE 1 (Chinese): VANHSAI HOME NGERN, Lao student in China
“After the China-Laos Railway opened to the public, it has played a great role, both in boosting the economy and facilitating two countries’ transportation.”
SOUNDBITE 2 (Chinese): CHALISA CHAISAENSUK, Thai student in China
“I hope that there will be more cooperation between China and Thailand in the future, for example, Thai people can come to China to learn more knowledge and culture, and also to experience China’s customs. And Chinese people can also come to Thailand to experience our culture. We can also have more in-depth exchanges in terms of culture.”
Xinhua News Agency correspondents reporting from Guizhou, China.(XHTV)