Connect with us

Education & Health

အခြေခံပညာကျောင်းများအားလုံး မေ ၂၅ ရက်တွင် စတင်၍ ကျောင်းအပ်လက်ခံမည်

ပုံစာ-COVID-19 ကာလ ကျောင်းများပြန်ဖွင့်စဉ် နှာခေါင်းစည်းဖြင့်ကျောင်းတက်နေကြသည့် ကျောင်းသားအချို့ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင်ဖြေဆိုခဲ့သော အတန်းတင်စာမေးပွဲများ၏ အောင်စာရင်းကို ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပြီး မေ ၂၅ ရက်တွင် အခြေခံပညာကျောင်းများအားလုံး၌ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ဆင်ဟွာသို့ ယနေ့ ဧပြီ ၁၈ ရက်တွင် အတည်ပြုပြောကြားသည်။ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းမှ အလယ်တန်းပြဆရာမ တစ်ဦးက “အောင်စာရင်းတွေက ဧပြီ ၂၄ ရက် နေ့မှာ ထွက်မှာပါ။ အောင်စာရင်းက ပုံမှန်ထက်တော့ နည်းနည်းနောက်ကျပါတယ်။ ကျောင်းအပ်တွေက တော့ မေ ၂၅ ရက် မှာ စလက်ခံရမှာပါ’’ ဟု ဆိုသည်။

အောင်စာရင်းများကို ယခင်နှစ်များနည်းတူ ကျောင်းများတွင် ကပ်ထားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။ဇွန် ၂ ရက်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။ (Xinhua)

#အခြေခံပညာဦးစီးဌာန #ပညာရေး #ဆင်ဟွာ
#DepartmentofBasicEducation #Education #Xinhua #Myanmar #XinhuaMyanmar