မနီလာ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားသူအရေအတွက်သည် ယနေ့ အောက်တိုဘာ ၁ ရက်တွင် ရောဂါဖြစ်ပွားသူအသစ် ၂,၄၁၅ ဦးရှိခဲ့ခြင်းကြောင့် စုစုပေါင်း ရောဂါဖြစ်ပွားသူ ၃၁၄,၀၇၉ အထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန (DOH) က သတင်းဖော်ပြခဲ့သည်။
မနီလာ၊ဩဂုတ်၂၅ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Sulu ပြည်နယ် Joloမြို့တွင် ဩဂုတ်၂၄ ရက်က ဖောက်ခွဲတိုက်ခိုက်မှုနှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၅ ဦး သေဆုံးပြီး ဒဏ်ရာသူ ၇၅ ဦး ရှိကြောင်းသိရသည်။
မနီလာ ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ ပြည်သူ့လုပ်ငန်းခွင် နှင့် ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mark Villar က ယနေ့ ဇူလိုင် ၁၅ ရက်၌ ၎င်းတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီးနောက် နိုင်ငံအတွင်း COVID-19 ရောဂါပိုးကူးစက်ခံရသည့် တတိယမြောက်...
မနီလာ ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ် ပထမငါးလတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ အရေအတွက်သည် ပြီးခဲ့သော ၂၀၁၉ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ကျန်းမာရေး ဦးစီးဌာနက ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးက COVID-19 ရောဂါကြောင့် ထိခိုက်ခံစားခဲ့ရသည့် မနီလာမြို့ ဒေသခံများအတွက် ဆန်နှင့် စည်သွပ်ဘူးကဲ့သို့ အဓိကစားသောက်ကုန်များပါဝင်သည့် “ချစ်ကြည်ရေးလွယ်အိတ်” ၅,၀၀၀ ကို ဇွန် ၄ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
မနီလာ၊ဧပြီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး ဆေးပညာရှင်အဖွဲ့သည် ဧပြီ ၈ ရက်က ဖိလစ်ပိုင်နိုင်ငံ အပူပိုင်းဒေသ ဆေးဘက်ဆိုင်ရာ သုတေသနဌာန(RITM)သို့ သွားရောက်၍ COVID-19ရောဂါ ကုသမှုဆိုင်ရာ နည်းပညာဖလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မနီလာ ၊ ဧပြီ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ စေလွှတ်သော ကပ်ရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့သည် ဧပြီ ၅ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
မနီလာ ၊ မတ် ၁၆ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၏ ရောဂါ ကူးစက်ဖြစ်ပွားမှုများ အလျင်အမြန်မြှင့်တက်လာခြင်းကို ကူညီတားဆီးပေးနိုင်ရန် တရုတ်နိုင်ငံသံရုံးမှ ဖိလစ်ပိုင်နိုင်ငံအား COVID-19 အမြန်စမ်းသပ်ကိရိယာ ၂,၀၀၀ အား ယနေ့ မတ် ၁၆ ရက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ နည်းပညာမြင့် အမြန်စမ်းသပ်ကိရိယာများအား တရုတ်...
မနီလာ ၊ မတ် ၃ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၌ မတ် ၂ ရက်တွင် သေနတ်သမားတစ်ဦးက ဓားစာခံများအား ၁၀ နာရီကြာ ဖမ်းဆီးထားသော ဖြစ်စဉ်တစ်ခုကို ရဲတပ်ဖွဲ့က အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း နှင့် အဆိုပါသေနတ်သမားသည် ဓားစာခံအားလုံးကို ပြန်လည်လွှတ်ပေးလိုက်သလို ၎င်းကိုယ်တိုင်လက်နက်ချ အညံ့ခံခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။
မနီလာ၊မတ် ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက ဖိလစ်ပိုင် နှင့် အမေရိကန်အကြား ချုပ်ဆိုထားသည့် ဧည့်တပ်ဖွဲ့ဝင်များ ထားရှိရေးသဘောတူညီချက်(VFA) ကို အစားထိုးရန် နှင့် စစ်ဘက်ဆိုင်ရာ စာချုပ်သစ် ချုပ်ဆိုရန် မည်သည့်ဆွေးနွေးမှုအသစ်ကိုမျှ ခွင့်ပြုလုပ်ဆောင်တော့မည်မဟုတ်ကြောင်းပြောကြားခဲ့သည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ Salvador Panelo က မတ် ၁ ရက်တွင်...