Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် တစ်နိုင်ငံလုံး ဘေးဒုက္ခအခြေအနေသို့ ရောက်ရှိကြောင်း ထုတ်ပြန်ကြေညာ

မနီလာ ၊ မေ ၁၂ ရက် (ဆင်ဟွာ)

နိုင်ငံအတွင်း အာဖရိကဝက်အပြင်းဖျား(African swine fever) ရောဂါ ဖြစ်ပွားမှု အခြေအနေသည် ဆက်လက် ပြန့်ပွားလာသောကြောင့် ဖိလစ်ပိုင်နိုင်ငံသည် အချိန်ကာလ တစ်နှစ်ကြာမြင့်သည့် တစ်နိုင်ငံလုံး ဘေးဒုက္ခအခြေအနေဝင်ရောက်ကြောင်း သမ္မတရုံးက မေ ၁၁ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၉ ခုနှစ်မှစတင်၍ အာဖရိကဝက်အပြင်းဖျားရောဂါ စတင်ပြန့်ပွားလာခဲ့ပြီး လက်ရှိချိန်တွင် နိုင်ငံအတွင်းရှိ နေရာအများစုသို့ ပျံ့နှံ့သွားခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ ဖိလစ်ပိုင်နိုင်ငံ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ Harry Roque က အစိုးရအနေဖြင့် အသုံးပြုနိုင်သော အရင်းအမြစ်အားလုံးကို အသုံးချပြီး ဖိလစ်ပိုင်နိုင်ငံတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ရှေ့ဆက်မပျံ့သွားအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ဝက်အသားထုတ်လုပ်မှုလုပ်ငန်းများအတွက် အာမခံချက်ပေးအပ်သွားမည်ဖြစ်ပြီး ဝက်မွေးမြူရေးလုပ်ငန်းများ အခက်အခဲကျော်ဖြတ်နိုင်အောင်ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံအစိုးရ၏ စာရင်းပြုစုချက်အရ ယခုအကြိမ် ဖိလစ်ပိုင်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အာဖရိကဝက်အပြင်းဖျားရောဂါလှိုင်းကြောင်း နိုင်ငံအတွင်းဝက်အရှင်အကောင်ရေ အနည်းဆုံး ၃ သန်းလျော့ကျသွားစေခဲ့ကြောင်း ၊ သက်ဆိုင်ရာလုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ဆုံးရှုံးမှုဖြစ်ပွားခဲ့ရကြောင်း ၊ အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် ဝက်သားဈေးနှုန်း အလွန်လျင်မြန်စွာမြင့်တက်လာခဲ့ပြီး အစိုးရအနေဖြင့် မဖြစ်မနေ ပြည်ပမှ ဝက်သား ထုတ်ကုန်များတင်သွင်းမှုကို ဆောင်ရွက်ပေးခဲ့ရကြောင်း သိရှိရသည်။

အာဖရိကဝက်အပြင်းဖျားရောဂါသည် African Swine fever virus – ASFV မှ ကူးစက်ခံရသော ရောဂါတစ်မျိုးဖြစ်ပြီး ကူးစက်ခံရပြီးနောက်တွင် ပြင်းထန်သည့် သွေးထွက်မှု နှင့် ကူးစက်မှုဖြစ်ပွားစေသော ဝက်ရောဂါတစ်မျိုးဖြစ်ကြောင်း ၊ ကူးစက်ခံရပြီးနောက်တွင် အပူချိန်မြင့်တက်ခြင်း ၊ ကိုယ်တွင်း အင်္ဂါများ ဆိုးရွားစွာ သွေးထွက်ခြင်း တို့ဖြင့် သေဆုံးမှုမြင့်မားသည့် ရောဂါလက္ခဏာများကို တွေ့ရှိနိုင်ကြောင်း ၊ အာဖရိကဝက်အပြင်းဖျားရောဂါသည် လူ နှင့် တိရစ္ဆာန်များ အတူဖြစ်ပွားသည့် ရောဂါမျိုးမဟုတ်ဘဲ လူသားများတွင် ယင်းရောဂါပိုး မကူးစက်နိုင်ကြောင်း သိရသည်။ (Xinhua)
———————————————
(Chinese Version)

(科技)菲律宾因非洲猪瘟疫情进入全国灾难状态

新华社马尼拉5月11日电(记者刘锴 闫洁)菲律宾总统府11日宣布,因非洲猪瘟疫情在该国持续蔓延,菲律宾进入为期一年的全国灾难状态。
菲律宾2019年暴发非洲猪瘟疫情,至今已传播至该国大多数地区。菲总统府发言人哈里•洛克说,政府将动员一切必要资源,阻断非洲猪瘟疫情在菲律宾国内进一步传播,保障猪肉产品供给并帮助养猪业走出困境。
根据官方统计数据,这轮疫情导致菲律宾生猪存栏量减少至少300万只,相关行业损失超过20亿美元;疫情还导致菲律宾猪肉产品价格飙升,政府不得不加大猪肉产品进口。
非洲猪瘟是由非洲猪瘟病毒感染猪引起的一种急性、出血性、烈性传染病,以高热、内脏器官严重出血和高死亡率为特征。非洲猪瘟不是人畜共患病,人类不会感染该病毒。(完)

Photo
5月3日拍摄的一家生猪养殖场。新华社记者 黄孝邦摄