Connect with us

WORLD

ဖိလစ်ပိုင်နိုင်ငံတွင် သက်ကြီးရွယ်အိုများအား တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေးထိုးနှံရန် ခွင့်ပြု

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Lung စင်တာရှိ ကာကွယ်ဆေးထိုးနှံခြင်း ပထမဆုံးနေ့၌ တရုတ်နိုင်ငံ Sinovac ၏ COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) က သက်ကြီးရွယ်အိုများအား တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေး ထိုးနှံရန် ဧပြီ ၇ ရက်က ခွင့်ပြုလိုက်ပြီးနောက် ယခုအခါ အသက် ၆၀ နှစ်နှင့်အထက်ရှိသူများအနေဖြင့် ယင်းကာကွယ်ဆေး ထိုးနှံနိုင်ပြီဖြစ်ကြောင်း သိရသည်။

“ကာကွယ်ဆေးကျွမ်းကျင်ပညာရှင်များ၏ ထောက်ခံချက်၊ လက်ရှိ COVID-19 ကူးစက်မှုမြင့်မားသည့် အခြေအနေနှင့် အကန့်အသတ်ဖြင့် ကာကွယ်ဆေးရရှိမှုများအပေါ် ချင့်ချိန်စဉ်းစားပြီးတဲ့နောက် FDA က သက်ကြီးရွယ်အိုတွေအတွက် Sinovac ကာကွယ်ဆေးအသုံးပြုဖို့ ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်” ဟု FDA ညွှန်ကြားရေးမှူး Enrique Domingo က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံခြင်းကို တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေး ပထမအသုတ် မနီလာမြို့သို့ ရောက်ရှိပြီးနောက်တစ်နေ့ မတ်လ ၁ ရက်၌ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လူဦးရေ သန်း ၁၁၀ ရှိသော ဖိလစ်ပိုင်နိုင်ငံတွင် လက်ရှိအချိန်အထိ သေဆုံးသူ ၁၄,၀၅၉ ဦး အပါအဝင် COVID-19 ရောဂါ အတည်ပြုလူနာ ၈၁၉,၁၆၄ ဦးခန့်ရှိကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Philippines allows elderly to receive China’s Sinovac vaccine
Source: Xinhua| 2021-04-07 19:24:31|Editor: huaxia
MANILA, April 7 (Xinhua) — Filipinos aged 60 and above can now receive China’s Sinovac vaccine after the Philippines’ Food and Drug Administration (FDA) allowed its use for senior citizens on Wednesday.
“After considering the recommendation of the (vaccine) experts and the current situation of high COVID-19 transmission and limited available vaccines, the FDA is allowing the use of Sinovac on senior citizens,” FDA Director General Enrique Domingo said in a statement.
The Philippines kicked off its vaccination drive on March 1, a day after China’s first batch of donated COVID-19 vaccines arrived in Manila.
The Philippines, with a population of about 110 million, now has 819,164 confirmed COVID-19 cases, including 14,059 deaths. Enditem
A health worker receives a dose of COVID-19 vaccine from China’s Sinovac on the first day of the vaccination at the Lung Center of the Philippines in Manila, the Philippines on March 1, 2021. The Philippines launched its coronavirus vaccination campaign on Monday, less than a day after the arrival of the Sinovac vaccine CoronaVac donated by China. (Xinhua/Rouelle Umali)