ဟနွိုင်း ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက တည်ဆောက်ပေးသော Cat Linh-Ha Dong မြို့ပတ်ရထားလမ်းစီမံကိန်းသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် စနေနေ့က တရားဝင်စတင်လည်ပတ်ခဲ့ပြီး ယင်းမှာ နိုင်ငံအတွင်း စီးပွားဖြစ် စတင်လည်ပတ်သည့် ပထမဆုံး မြို့ပတ်ရထားလမ်းစီမံကိန်းဖြစ်ကြောင်း သိရသည်။
ချုံချင့်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှ ထွက်ခွာလာသော ကုန်တင်ရထားတစ်စင်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့သို့ စက်တင်ဘာ ၂၃ ရက်က ရောက်ရှိလာခဲ့သည်။ အဆိုပါ ရထားသည် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ရထားလမ်းဝန်ဆောင်မှုအသစ် စတင်ခြင်း အထိမ်းအမှတ်လည်း ဖြစ်သည်။
ချုံချင့်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်က ဗီယက်နမ်နိုင်ငံနှင့် အဝေးပြေးလမ်းအခြေပြု နယ်စပ်ဖြတ်ကျော်ကုန်တင်လမ်းကြောင်းအသစ်အား စတင်လိုက်ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
ဟနွိုင်း၊ ဇွန် ၁ ရက်(ဆင်ဟွာ) ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုကို တိုးမြှင့်ရန် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ နွိုင်ဘိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဇွန် ၁ ရက်မှ ၇ ရက်အထိ နိုင်ငံတကာလေကြောင်းလိုင်းဝင်ရောက်မှုကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း ဗီယက်နမ်မြို့ပြလေကြောင်းအာဏာပိုင်က မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဟနွိုင်း၊ဧပြီ ၅ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံအမျိုးသားညီလာခံ(NA)က ဝန်ကြီးချုပ် ငုယင်စွမ်းဖု(Nguyen Xuan Phuc) အား နိုင်ငံ၏သမ္မတသစ်အဖြစ် ယနေ့ ဧပြီ ၅ ရက်တွင် ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။
ဟနွိုင်း ၊ မတ် ၈ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 ကာကွယ်ဆေးထိုးနှံသည့် အစီအစဉ် တစ်ခုကို ယနေ့ မတ် ၈ ရက်တွင် စတင်ခဲ့ပြီး မှတ်တမ်းအရ နိုင်ငံ၏ အကြီးမားဆုံး ကာကွယ်ဆေးထိုးနှံသည့် အစီအစဉ် ဖြစ်ကြောင်း နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးအခုရေ သန်း...
ဟနွိုင်း၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)ဗီယက်နမ်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၃ ရက်က ပြည်ပကူးစက်မှု ၄ ဦး နှင့် ပြည်တွင်း ကူးစက်မှု ၄၉ ဦး အပါအဝင် COVID-19 ရောဂါအတည်ပြုလူနာသစ် ၅၃ ဦးစစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဟနွိုင်၊ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဗီယက်နမ်နိုင်ငံသည် ဗြိတိန်နိုင်ငံ AstraZeneca ကုမ္ပဏီမှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး အလုံးပေါင်း သန်း ၃၀ ဝယ်ယူရန် အမှာစာတစ်ခုကို ပေးပို့ထားပြီးဖြစ်ကြောင်း နှင့် နောက်ထပ်လည်း အခြားသော အရင်းအမြစ်များမှ ကိုဗစ်ကာကွယ်ဆေးများကို ထပ်မံ ဝယ်ယူသွားရန် ကြိုးပမ်းလျက်ရှိကြောင်း...
ဟနွိုင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗီယက်နမ်နိုင်ငံတွင် ဗြိတိန်မှ သတင်းပို့ထားသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးအား တွေ့ရှိခဲ့ကြောင်း၊ ၎င်းမှာ ဗြိတိန်မှ ပြန်လာသည့် ဗီယက်နမ်နိုင်ငံသား ဖြစ်ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဟနွိုင်း ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဗီယက်နမ်နိုင်ငံ၌ ဒီဇင်ဘာ ၁၉ ရက်တွင် COVID-19 ရောဂါ အတည်ပြုလူနာသစ်တစ်ဦး ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ ၁,၄၁၁ ဦးထိ ရောက်ရှိသွားခဲ့ပြီးဖြစ်ကြောင်း နှင့် ၎င်းတို့အနက် သေဆုံးသူ ၃၅ ဦးရှိခဲ့ကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ...