Connect with us

Media

ဗီယက်နမ်နိုင်ငံတွင် ရေကြီးရေလျှံမှုနှင့်တောင်မြေပြိုမှုကြောင့် လူ ၄ ဦး သေဆုံး

ဟနွိုင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း နှင့် အလယ်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုနှင့် တောင်မြေပြိုမှု ဖြစ်ပွားခဲ့ရာ စက်တင်ဘာ ၂၄ ရက်မှစ၍ သေဆုံးသူ ၄ ဦး၊ ပျောက်ဆုံးနေသူ ၄ ဦး ၊ ဒဏ်ရာရရှိသူ ၉ ဦး ရှိပြီ ဖြစ်ကြောင်း ဗီယက်နမ် အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဦးဆောင်ကော်မတီက စက်တင်ဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် စက်တင်ဘာ ၂၆ ရက်မှ ၂၈ အထိ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ရာ Lao Cai ၊ Sơn La ၊ Yên Bái ၊ Hòa Bình ၊ Hanoi စသည့် ပြည်နယ်နှင့်မြို့များတွင် သေဆုံးသူ ၁ ဦး ၊ ပျောက်ဆုံးသူ ၃ ဦး ၊ ဒဏ်ရာရသူ ၁ ဦး ရှိခဲ့ပြီး နေအိမ် ၇၈ လုံး ပျက်စီး ခဲ့ကြောင်း အဆိုပါကော်မတီ၏ ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။ မြို့တော် ဟနွိုင်းရှိ လမ်းအများအပြား ရေနစ်မြုပ်ခဲ့ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးအပေါ် သက်ရောက်မှု ရှိခဲ့ကြောင်း ၊ စက်တင်ဘာ ၂၄ ရက်မှ ၂၈ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Thanh Hóa ၊ Nghệ An ၊ Hà Tĩnh စသည့် ပြည်နယ်များတွင် သေဆုံးသူ ၃ ဦး ၊ ပျောက်ဆုံးသူ ၁ ဦး ၊ ဒဏ်ရာရသူ ၈ ဦး ရှိပြီး နေအိမ် ၄၂၂ လုံး ပျက်စီးဆုံးရှုံးခဲ့ရာ စပါးခင်း ၂,၉၄၅ ဟက်တာ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ယခုနှစ် ၈ လကြာကာလအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၂၆၇ ဦး၊ ပျောက်ဆုံးသူ ၇၈ ဦး နှင့် ဒဏ်ရာရရှိသူ ၂၉၁ ဦး ရှိကြောင်း ဗီယက်နမ် စာရင်းအင်းဌာန၏ ကိန်းဂဏန်းများများအရ သိရသည်။ (Xinhua)

…………………………………….
(Chinese Version)
越南洪水和山体滑坡致4人死亡
新华社河内9月29日电(记者孙一)越南国家预防自然灾害指导委员会29日说,持续强降雨在越南北部和中部地区引发洪水和山体滑坡,自24日以来已造成4人死亡、4人失踪、9人受伤。
该委员会公布的数据显示,越南北部26日至28日强降雨引发灾害,造成老街、山罗、安沛、和平、河内等省市1人死亡、3人失踪、1人受伤,另有78幢房屋被损毁。首都河内多处路段被淹,交通受到严重影响。24日至28日,强降雨还造成越南中部清化、义安、河静等省份3人死亡、1人失踪、8人受伤,另有422幢房屋被损毁,2945公顷稻田被淹。