ကန်ချနာဘူရီ ၊ ထိုင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အနောက်ဘက် ၁၂၀ ကီလိုမီတာအကွာတွင် တည်ရှိသော ကန်ချနာဘူရီပြည်နယ်သည် ဝမ်းနည်းကြေကွဲဖွယ်ရာ သတင်းစကားအပြည့်ဖြစ် ထိုင်းနိုင်ငံ၏ အထင်ရှားဆုံး ကမ္ဘာလှည့်ခရီးသွားနေရာတစ်ခု ဖြစ်သည်။
ပေကျင်း၊ ဇွန် ၈ ရက်(ဆင်ဟွာ) တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှုထူထောင်သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တို့သည် ယနေ့ ဇွန် ၈ ရက်တွင် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြသည်။
ရန်ကုန်၊ မေ ၃၁ ရက်(ဆင်ဟွာ) မြန်မာ့တပ်မတော်၏ COVID-19 တိုက်ဖျက်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက်“မြန်မာ–တရုတ် ချစ်ကြည်ရင်းနှီးစွာဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့အစည်း(Myanmar-China Friendly Contact Organization)”၊ မြန်မာချစ်ကြည်ရေးကုမ္ပဏီနှင့် Chinese Documentary Media Industry Group (CDMIG)ကုမ္ပဏီတို့သည် မေ ၂၉ ရက်က နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ “COVID-19 ရောဂါစစ်ဆေးရေးပစ္စည်းများ” ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ပေကျင်း ၊ မေ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး စစ်မြေပြင်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ဦးဆောင်မှုအခန်းကဏ္ဍတစ်ခုကို ဆက်လက်ထောက်ခံအားပေးသွားပြီး မြန်မာ နှင့် အခြားသောကမ္ဘာ့နိုင်ငံများနှင့်အတူ ဆောင်ရွက်သွားရန် တရုတ်နိုင်ငံက အသင့်ရပ်တည်သွားမည်ဖြစ်ကြောင်း ယနေ့ မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေဘုန်းဟယ်သည် ဧပြီ ၂၄ ရက်နေ့က မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ ဧပြီ ၁၃ ရက်၌ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု ဒုတိယအသုတ်အနေဖြင့်ဓာတ်ခွဲနမူနာ (၉၄) ခု အား စစ်ဆေးခဲ့ရာ လူတစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိပြီး COVID-19 ရောဂါပိုးရှိသူ ၅၃ဦးထိရှိလာကြောင်း ...
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ ဧပြီ ၁၃ ရက်၌ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၉၂) ခုအား စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၁ ဦးထပ်မံတွ့ရှိသဖြင့် ရောဂါပိုးရှိသူ...
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ နိုင်ငံတကာမှ သံရုံးဝန်ထမ်းများ၊ ပြည်သူများ ၎င်းတို့၏နေရပ်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ နိုင်ရေးနှင့်နိုင်ငံတကာမှ ကယ်ဆယ်ရေး၊ ဆေးဘက်ဆိုင်ရာ နှင့် ကုန်စည်သီးသန့်လေယာဉ်များ ဆိုက်ရောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က မတ် ၉ ရက် တွင် ထုတ်ပြန်ခဲ့သည်။
ရွှေလီ၊မတ် ၂၅ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံCOVID-19 ရောဂါတိုက်ဖျက်ရေးကို ကူညီထောက်ပံ့ရန် ဂျက်မားဖောင်ဒေးရှင်း (JACK MA FOUNDATION) အပါအဝင် တရုတ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းများမှ N95 နှာခေါင်းစည်းများ ၊ Nucleic Acid Testing(NAT)စမ်းသပ်ပစ္စည်းများ စသည့် ကျန်းမာရေး ထောက်ပံ့ပစ္စည်းများကို မြန်မာနိုင်ငံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းလုပ်ရန် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)သို့ စာရင်းပေးသွင်းထားသည့် ဆရာဝန်အရေအတွက် မတ် ၂၂ ရက် နံနက် အထိ အယောက် ၈၀ ခန့် ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း(ရန်ကုန်တိုင်းဒေသကြီး) မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းဇော်က ...