Connect with us

Videos

မြန်မာ-တရုတ် ကုန်စည်ပြပွဲက မြန်မာကုမ္ပဏီများကို စီးပွားရေး အခွင့်အလမ်းများရရှိစေ

ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်၌ မေ ၂၅ ရက်မှ မေ ၂၈ ရက်အထိ ၄ ရက်ကြာကျင်းပသော မြန်မာ-တရုတ် ကုန်စည်ပြပွဲသို့ နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော် လာရောက်ခဲ့ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။မြန်မာ-တရုတ် ကုန်စည်ပြပွဲတွင် ပါဝင်ခြင်းဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို ပြသနိုင်ပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်များ နှင့် ချိတ်ဆက်နိုင်သောကြောင့် စီးပွားရေး အခွင့်အလမ်းများ ရရှိခဲ့ကြောင်း ပြပွဲတွင် ဝင်ရောက်ပြသသော မြန်မာကုမ္ပဏီတချို့က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

လယ်ယာထွက်ကုန်များ၊ စားသောက်ကုန်များ၊ အအေးနှင့် အဖျော်ယမကာများ၊ ဆေးဝါးထုတ်ကုန်များ လူသုံးကုန်ပစ္စည်းများနှင့် လျှပ်စစ်မော်တော်ယာဉ်များဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များကို နှစ်နိုင်ငံမှ ကုမ္ပဏီများ လက်မှတ်ရေးထိုးခဲ့ကြသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117