အစ္စတန်ဘူလ် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) ရုရှားရေတပ်မှ Kilo-class ရေငုပ်သင်္ဘောတစ်စင်းသည် ဖေဖော်ဝါရီ ၁၃ ရက်က တူရကီနိုင်ငံ Bosphorus ရေလက်ကြားအား ဖြတ်သန်းကာ ပင်လယ်နက်လမ်းကြောင်းသို့ မောင်းနှင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ဂျကာတာ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် ဩစတြေးလျနိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ တည်ဆောက်မည့် ဆုံးဖြတ်ချက်အပေါ် စိုးရိမ်မှုရှိကြောင်း၊ ထိုလုပ်ဆောင်ချက်သည် ဒေသတွင်း ပါဝါဖြန့်ကျက်မှု နှင့် တင်းမာမှုများ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဂျကာတာသို့လာရောက်သည့်ခရီးစဉ်အတွင်း ပြီးခဲ့သည့်တနင်္လာနေ့က...
ဆိုးလ်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံက ပြည်တွင်းထုတ် ရေငုပ်သင်္ဘောမှပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးကျည် (SLBM) အား အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း အမည်မဖော်လိုသူ စစ်တပ်အရင်းအမြစ်အား ကိုးကား၍ Yonhap သတင်းအေဂျင်စီက စက်တင်ဘာ ၇ ရက်၌ သတင်းဖော်ပြခဲ့သည်။ စက်တင်ဘာ ၁ ရက်တွင် တန်...
ဂျကာတာ၊မေ ၁၉ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားရေတပ်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ အကူအညီနှင့်အတူ ဘာလီကျွန်းရေပြင်၌ နစ်မြုပ်သွားသော အင်ဒိုနီးရှားရေတပ်မှ KRI Nanggala-402 ရေငုပ်သင်္ဘော၏ အစိတ်အပိုင်းအချို့နှင့် အသက်ကယ်လှေတစ်စီးကို ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
ဂျကာတာ ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၏ မြောက်ဘက်ကမ်းလွန်ရှိ ပင်လယ်ကြမ်းပြင်၌ နစ်မြုပ်ပျောက်ဆုံးသွားသော KRI Nanggala-402 ရေငုပ်သင်္ဘောမှ ပိုမိုတိကျခိုင်မာသည့် သက်သေခံ အပျက်အစီး အစိတ်အပိုင်းများ နှင့် ယင်း၏ တည်နေရာကို ကယ်ဆယ်ရေးသင်္ဘောများက ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှားစစ်တပ်(TNI) က ဧပြီ ၂၅...
ဂျကာတာ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ပင်လယ်ပြင်တွင် ပျောက်ဆုံးနေသော ရေငုပ်သင်္ဘောမှ အစိတ်အပိုင်းများဟု ယူဆနိုင်သော အပျက်အစီးများကို အင်ဒိုနီးရှား ရှာဖွေရေးသမားများက တွေ့ရှိခဲ့ကြောင်း ရေတပ်စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး Yudo Margono က ဧပြီ ၂၄ ရက်၌ ပြောကြားခဲ့သည်။
ဂျကာတာ၊ဧပြီ ၂၂ ရက်(ဆင်ဟွာ) သင်္ဘောသား ၅၃ ဦး လိုက်ပါသွားသည့် အင်ဒိုနီးရှားရေငုပ်သင်္ဘောတစ်စင်းသည် ဘာလီကျွန်း ပင်လယ်ပြင်တွင် လေ့ကျင့်ရေးဆောင်ရွက်နေစဉ် ရေတပ်နှင့် အဆက်အသွယ်ပြတ်တောက်သွားကြောင်း အင်ဒိုနီးရှားရေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းမီဒီယာသို့ ဧပြီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဆန်းရာ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ၏ လူလိုက်ပါနိုင်သော ပင်လယ်ရေအောက်သွားရေငုပ်သင်္ဘောအသစ် Fendouzhe (Striver) သည် သမုဒ္ဒရာ စူးစမ်းလေ့လာရေးခရီး ပြီးမြောက်ပြီးနောက် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနသင်္ဘော Tansuo-1 နှင့်အတူ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် နိုင်ငံတောင်ပိုင်း...
မော်စကို ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ project 636.3 ဒီဇယ်-လျှပ်စစ် စွမ်းအင်သုံး ကိုယ်ပျောက်ရေငုပ်သင်္ဘော Novorossiysk သည် ပင်လယ်နက်တွင် လေ့ကျင့်မောင်းနှင်ရေး ပြုလုပ်ခဲ့ကြောင်း TASS သတင်းအေဂျင်စီက နိုဝင်ဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
တီဟီရန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ တောင်ပိုင်းတွင် ဧပြီ ၆ ရက်က ဆောက်လုပ်နေဆဲ ရေငုပ်သင်္ဘောပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ သုံးဦးသေဆုံးခဲ့ကြောင်း Farsသတင်းအေဂျင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။