Connect with us

Asia

ပျောက်ဆုံးနေသော အင်ဒိုနီးရှား ရေငုပ်သင်္ဘောမှ အပျက်အစီးများ ရှာဖွေတွေ့ရှိ

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် ဘန်ယူဝမ်ဂီမြို့ Tanjung Wangi ဆိပ်ကမ်းတွင် ပျောက်ဆုံးနေသော KRI Nanggala-402 ရေငုပ်သင်္ဘောအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ဆောင်ရန် အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ (Basarnas) နှင့် အမျိုးသားအဆင့် ဘေးကင်းသော သယ်ယူပို့ဆောင်ရေး ကော်မတီ (KNKT) အဖွဲ့ဝင်များ ပြင်ဆင်နေသည်ကို ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ပင်လယ်ပြင်တွင် ပျောက်ဆုံးနေသော ရေငုပ်သင်္ဘောမှ အစိတ်အပိုင်းများဟု ယူဆနိုင်သော အပျက်အစီးများကို အင်ဒိုနီးရှား ရှာဖွေရေးသမားများက တွေ့ရှိခဲ့ကြောင်း ရေတပ်စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး Yudo Margono က ဧပြီ ၂၄ ရက်၌ ပြောကြားခဲ့သည်။

KRI Nanggala-402 ရေငုပ်သင်္ဘောနှင့် လိုက်ပါသွားသူများ၏ အခြေအနေကိုမူ မသိရှိနိုင်သေးကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် ဘန်ယူဝမ်ဂီမြို့ Tanjung Wangi ဆိပ်ကမ်းတွင် ပျောက်ဆုံးနေသော KRI Nanggala-402 ရေငုပ်သင်္ဘောအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ဆောင်ရန် အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ (Basarnas) နှင့် အမျိုးသားအဆင့် ဘေးကင်းသော သယ်ယူပို့ဆောင်ရေး ကော်မတီ (KNKT) အဖွဲ့ဝင်များ ပြင်ဆင်နေသည်ကို ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် ဘန်ယူဝမ်ဂီမြို့ Tanjung Wangi ဆိပ်ကမ်းတွင် ပျောက်ဆုံးနေသော KRI Nanggala-402 ရေငုပ်သင်္ဘောအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ဆောင်ရန် အင်ဒိုနီးရှား ရေတပ်သင်္ဘောတစ်စင်း ပြင်ဆင်နေသည်ကို ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ရေငုပ်သင်္ဘောသည် အစိတ်အပိုင်းများပြုတ်ထွက်နိုင်လောက်သည့် ထိခိုက်မိခြင်းမျိုး ကြုံတွေ့ခဲ့ရကြောင်း ရေတပ်စစ်ဦးစီးအရာရှိချုပ် အဆိုအရ သိရသည်။

ရေငုပ်သင်္ဘောမှာ ရေဖိအားပိုများသော ရေနက်ပိုင်းသို့ ဆက်လက်မောင်းနှင်စဥ်တွင် ၎င်း၏အက်ကွဲကြောင်းများပိုမို ကြီးမားလာခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ရေအောက်အနက် မီတာ ၆၀၀ မှ ၇၀၀ အကြားတွင် ရှိနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အင်ဒိုနီးရှား စစ်တပ် (TNI) က ပျောက်ဆုံးရေငုပ်သင်္ဘောရှာဖွေခြင်းအဆင့်ကို SUBMISS မှ SUBSUNK အထိ တိုးမြှင့်ခဲ့ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်သည် တော်ပီဒိုပြွန်ဟု ထင်ရသောအရာတစ်ခုနှင့်အတူ KRI Nanggala-402 မှ အပျက်အစီးများ ဖြစ်နိုင်သည်ဟု ယုံကြည်ရသော စစ်မှန်သောသက်သေအချို့ကို တွေ့ရှိပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းက ပြောခဲ့သည်။

၎င်းအပျက်အစီးများကို မည်သည့်သင်္ဘောမှ ဖြတ်သန်းသွားလာခြင်းမရှိသော ရှာဖွေရေးနေရာမှ ၁၀ ကီလိုမီတာခန့်အကွာ၌ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရေငုပ်သင်္ဘောသည် ဧပြီ ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၃:၀၀ နာရီက ပင်လယ်ရေမျက်နှာပြင်နှင့် ရေအောက်ပစ်မှတ် (SUT) တော်ပီဒို ပစ်ခတ်လေ့ကျင့်ရန် ရေငုပ်ခွင့်တောင်းခံပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

၎င်းသင်္ဘောနှင့် လူ ၅၃ ဦး လိုက်ပါသွားခဲ့ပြီး သင်္ဘောဝန်ထမ်း ၄၉ ဦး၊ တပ်မှူး ၁ ဦးနှင့် လက်နက်ခဲယမ်းဆိုင်ရာ တပ်သား ၃ ဦးတို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————————–
(English Version)
Searchers find debris from missing Indonesian submarine: navy chief of staff
Source: Xinhua| 2021-04-24 18:36:21|Editor: huaxia
JAKARTA, April 24 (Xinhua) — Indonesian searchers have found debris which are believed to be from the missing submarine in waters off Bali Island, Indonesian Navy Chief of Staff Admiral Yudo Margono said on Saturday.
The condition of those aboard the KRI Nanggala-402 submarine cannot be determined, he told a press conference.
The submarine had suffered from cracks that caused several components to separate from it, according to the navy chief of staff.
The cracks became bigger when the submarine dove deeper amid rising water pressure, and the submarine is believed to be at the depth of between 600 to 700 meters, he added.
The Indonesian military (TNI) said on Saturday afternoon that it had raised the status of search for the missing submarine from SUBMISS to SUBSUNK and the decision came after they found some authentic evidences of debris believed to be from the KRI Nanggala-402, with one of which looks like a torpedo tube.
The debris was found about 10 km away from the search point where no other boats had passed.
The submarine lost contact after requesting diving permission to fire the Surface and Underwater Target (SUT) Torpedo at 3:00 a.m. local time on Wednesday.
The ship has 53 people aboard, namely 49 crew members, one commander, and three arsenal personnel.■

1-2-(210424) — BANYUWANGI, April 24, 2021 (Xinhua) — Members of National Search and Rescue Agency (Basarnas) and National Transportation Safety Committee (KNKT) prepare to carry out the search and rescue operation of submarine KRI Nanggala-402 which was reported lost at Tanjung Wangi Port in Banyuwangi, East Java, Indonesia, April 24, 2021.

3, 4, 5, 6 – (210424) — BANYUWANGI, April 24, 2021 (Xinhua) — An Indonesian navy ship prepares to carry out the search and rescue operation of submarine KRI Nanggala-402 which was reported lost at Tanjung Wangi Port in Banyuwangi, East Java, Indonesia, April 24, 2021.