Connect with us

Asia

တရုတ်ရေတပ်အကူအညီနှင့်အတူ အင်ဒိုနီးရှားရေငုပ်သင်္ဘော၏ အသက်ကယ်လှေအားဆယ်ယူနိုင်ခဲ့

ဂျကာတာ၊မေ ၁၉ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားရေတပ်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ အကူအညီနှင့်အတူ ဘာလီကျွန်းရေပြင်၌ နစ်မြုပ်သွားသော အင်ဒိုနီးရှားရေတပ်မှ KRI Nanggala-402 ရေငုပ်သင်္ဘော၏ အစိတ်အပိုင်းအချို့နှင့် အသက်ကယ်လှေတစ်စီးကို ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။မေ ၁၈ ရက်က ရုပ်သံမှတစ်ဆင့်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အင်ဒိုနီးရှားရေတပ်တပ်ဖွဲ့ အမှတ် ၂ ရေယာဉ်အုပ်စုမှူး ဗိုလ်ချုပ် Iwan Isnurwanto က တရုတ်နိုင်ငံ၏ သင်္ဘောရှာဖွေရေးယာဉ်-၂ (vessel Explorer 2) သည် ဘာလီကျွန်းအနီး ရေအောက်ကြမ်းပြင်မှ အလေးချိန် ၇၀၀ ကီလိုဂရမ်ရှိသော သက်ကယ်လှေကို အောင်မြင်စွာ ဆယ်တင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း Denpasar မြို့ ရေပြင်၌ နစ်မြုပ်သောသွားသော အင်ဒိုနီးရှားရေတပ်မှ KRI Nanggala-402 ရေငုပ်သင်္ဘော၏ အစိတ်အပိုင်းတစ်ခုကို အင်ဒိုနီးရှားရေတပ် အရာရှိတစ်ဦးက သယ်ယူလာစဉ်(ဆင်ဟွာ)

“Suo Er Hao ရှာဖွေရေးယာဉ် -၂ ဟာ KRI Nanggala ရေငုပ်သင်္ဘောရဲ့ သက်ကယ်လှေကို အောင်မြင်စွာ ဆွဲတင်နိုင်ခဲ့ပါတယ် ၊ ကျွန်တော်တို့မိတ်ဆွေနိုင်ငံက သင်္ဘောတွေဟာ သူတို့ရဲ့ လုပ်ငန်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့တယ်ဆိုတာကို မျက်မြင်ကိုယ်တွေ့ပါပဲ” ဟု ဂျကာတာမြို့ရှိ တရုတ်သံရုံးမှ စစ်သံမှူး Chen Yongjing လည်း အတူတကွတက်ရောက်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အင်ဒိုနီးရှားရေတပ် ဗိုလ်ချုပ် Isnurwanto က ထည့်သွင်းပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း Denpasar မြို့ ရေပြင်၌ နစ်မြုပ်သောသွားသော အင်ဒိုနီးရှားရေတပ်မှ KRI Nanggala-402 ရေငုပ်သင်္ဘောအား အဝေးထိန်းရေငုပ်ယာဉ်(ROV) အသုံးပြု၍ ဓာတ်ပုံ ရိုက်ကူးထားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ အသက်ကယ်လှေသည် ပင်လယ်ရေအောက် ရွှံ့နွံထဲတွင် နစ်မြုပ်နေကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် တရုတ်သင်္ဘောရှာဖွေရေးယာဉ် Explorer 2 ကိုအသုံးပြု၍ အခြားဆယ်ယူရရှိခဲ့သော ရေငုပ်သင်္ဘောအစိတ်အပိုင်းများထဲတွင် ရေငုပ်သင်္ဘော၏ အန်တာနာတိုင် ၊ ဒေါင်လိုက် တော်ပီဒိုကြိုး အကာအကွယ်ကိရိယာ ၊ သင်္ဘောဝမ်းဗိုက်ထဲရှိ ဆက်သွယ်ရေးကြိုးလိုင်း နှင့် မောင်နှင်ခြင်းဆိုင်ရာ လမ်းညွှန်စာအုပ်တို့ပါဝင်ကြောင်း သိရသည်။

“ တခြား အဓိကအစိတ်အပိုင်းတွေဖြစ်တဲ့ ရေငုပ်သင်္ဘောကိုယ်ထည် ၊ ထိန်းချုပ်မောင်းနှင်ခန်း နဲ့ နောက်ပိုင်းစက်ခန်း စတာတွေကိုတော့ ဆယ်ယူထားခြင်း မရှိသေးပါဘူး” ဟု Isnurwanto က ဆိုသည်။

ထိုသို့ ဆယ်ယူနေစဉ်အတွင်းမှာပင် ရှာဖွေရေးယာဉ်ငယ် Explorer 2 သည် ရေငုပ်သင်္ဘောနစ်မြုပ်သွားသောနေရာအနီးတွင် အချင်း ၃၈ မီတာ နှင့် အနက် ၁၅ မီတာ ရှိသော ရွှံ့နွံဖုံးအုပ်နေသည့် မီးတောင်ဝ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ၊ တရုတ် ရှာဖွေရေးရေငုပ် သင်္ဘောငယ်သည် မီးတောင်ဝကို ရှာဖွေပေးခဲ့သလို ရွှံ့နွံနှင့် ပိန်းပိတ်မှောင်နေသည့် ရေအောက်တွင် sonar အသံလှိုင်းကို အသုံးပြု၍ ရေငုပ်သင်္ဘောပျက်၏ အစိတ်အပိုင်းများ ရှာဖွေရေးကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အင်ဒိုနီးရှားရေတပ်သည် တရုတ်ရေတပ်မှ တပ်ဖွဲ့ဝင်များနှင့်အတူ ဆယ်ယူရေးအစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားရန် ညှိနှိုင်းဆွေးနွေးထားပြီးဖြစ်ကြောင်း ၎င်း က ဆိုသည်။

သင်္ဘောသား ၄၉ ဦး ၊ တပ်မှူး တစ်ဦး နှင့် အမြောက်တပ်သား ၃ ဦး စုစုပေါင်း လူ ၅၃ ဦးလိုက်ပါသွားသော KRI Nanggala-402 ရေငုပ်သင်္ဘောသည် ဧပြီ ၂၁ ရက်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမြောက်ဘက် ရေပြင်တွင် နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရေငုပ်သင်္ဘောသည် အင်ဒိုနီးရှားရေတပ်တွင် နစ်ပေါင်း ၄၀ ကျော်ကြာ အသုံးပြုထားခဲ့ပြီး ဖြစ်ကြောင်း နှင့် ပင်လယ်ရေအောက် အနက် ၈၃၈ မီတာတွင် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းရေငုပ်သင်္ဘောသည် တော်ပီဒိုပစ်ခတ်လေ့ကျင့်ရေး လုပ်ဆောင်နေစဉ် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး ယင်းလေ့ကျင့်မှုသည် ဘာလီကျွန်းရေပြင်၌ ရေတပ်တပ်ဖွဲ့ဝင်များ စစ်ဆင်ရေးအသင့်အနေအထားရှိစေရေး တွန်းအားပေးရန် ရည်ရွယ်ကာ ပြုလုပ်သော လေ့ကျင်းခန်းတစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)
Keyword – #China, #Indonesia, #submarine, #lift, #xinhua, #xinhuamyanmar, #ဆင်ဟွာ
တရုတ်,အင်ဒိုနီးရှား,ရေငုပ်သင်္ဘော,ဆယ်ယူ,ဆင်ဟွာ,ဆင်ဟွာမြန်မာ,

————————————————
(English Version)

Sunken Indonesian submarine’s life raft lifted with assistance of Chinese navy

JAKARTA, May 19 (Xinhua) — The Indonesian Navy, with the assistance of China’s People’s Liberation Army Navy, has managed to lift a life raft and other fragments belonging to the sunken Indonesian submarine KRI Nanggala-402 in the Bali waters.

At a televised press conference on Tuesday, Commander of the Indonesian Navy’s 2nd Fleet Rear Admiral Iwan Isnurwanto said the Chinese research vessel Explorer 2 has retrieved a 700 kg life raft from the seafloor near Bali.

“Vessel Tan Suo Er Hao (Explorer 2) succeeded in lifting the KRI Nanggala’s life raft. We have kept it well as evidence that the ships from our friendly country had carried out their duties,” Isnurwanto told a media briefing, which was also attended by the defense attache of the Chinese embassy in Jakarta, Chen Yongjing.
The life raft was buried in the mud before being retrieved, Isnurwanto said.

Other objects lifted by the Chinese vessel included the submarine’s antenna, the torpedo cable protector on the vertical rudder, the hydrophone in the bow, and the guidebook.

“No other major parts have been lifted yet, such as the bow section, sail section, and stern section,” Isnurwanto said.
During the operation, Explorer 2 also found a mud-covered crater with a diameter of 38 meters and a depth of up to 15 meters near the location where the submarine sank, he said, adding that the Chinese vessel focused on the crater and extended the search with sonar as it is muddy and dark in the water.

The Indonesian Navy has been coordinating with the Chinese side to continue the lifting process, said Isnurwanto.
KRI Nanggala-402 sank in the waters north of Bali on April 21 with 53 people aboard, including 49 crew members, one commander, and three arsenal personnel.

The submarine, which has been used by the Indonesian Navy for about 40 years, sank at a depth of 838 meters under the sea.

The accident occurred when the submarine was in the middle of a training session to carry out torpedo firing. The exercise was aimed at fostering operational readiness of soldiers and units in the Bali waters

(1) A photo taken by a remotely operated vehicle (ROV) shows the sunken Indonesian Navy submarine KRI Nanggala-402 in Denpasar, Bali, Indonesia, May 18, 2021. (Indonesian Navy/Handout via Xinhua)
(2) Indonesian Navy officers bring part of the sunken Indonesian Navy submarine KRI Nanggala-402 after a press conference in Denpasar, Bali, Indonesia, on May 18, 2021. (Photo by Bisinglasi/Xinhua)
(3) A photo taken by a remotely operated vehicle (ROV) shows the sunken Indonesian Navy submarine KRI Nanggala-402 in Denpasar, Bali, Indonesia, May 18, 2021. (Indonesian Navy/Handout via Xinhua)