ရာဘတ်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ အာဏာပိုင်များက နှစ်အလိုက်အားဖြင့် ၃၇ ရာခိုင်နှုန်း တိုးလာသော တရားမဝင်ရွှေ့ပြောင်း နေထိုင်ရန် အားထုတ်သူ ၈၈,၇၆၁ ဦးကို ၂၀၁၈ ခုနှစ်တွင်း တားဆီးကာကွယ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်က ပြောကြားသည်။
ဟူစတန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်တောင်ပိုင်း ဆန်အန်တိုနီယိုမြို့Walmart ယာဉ်ရပ်နားစခန်း၌ ရပ်နားထားသည့် ကုန်တင်ကားတစ်စီးထဲတွင် ပိတ်မိသေဆုံးနေသည့် ရွှေ့ပြောင်းနေထိုင်သူ ၉ ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ဇူလိုင်လ ၂၃ ရက် မွန်းလွဲပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။
ဇာဂရတ်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရွှေ့ပြောင်း နေထိုင်သူ ဦးရေ ၁,၀၀၀ကျော် ခရိုအေးရှားသို့ ဝင်ရောက်လာပြီးနောက် ခရိုအေးရှားသည် ထောင်ပေါင်းများစွာသော ရွေ့ပြောင်း သွားလာသူ အရေးကို မကိုင်တွယ်နိုင်ကြောင်း ခရိုအေးရှား နိုင်ငံခြားရေး ဝန်ကြီး ဗက်စ်နာ ပူစစ် က ပြောကြားခဲ့သည်။