အန်ကာရာ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ရုရှားနှင့် အမေရိကန်တို့သည် ကာ့ဒ်ပြည်သူကာကွယ်ရေးတပ် (YPG) စစ်သွေးကြွများအား ထိန်းချုပ်၍ ဆီးရီးယားမြောက်ပိုင်း နယ်စပ်နှင့်ဝေးရာသို့ ပို့ဆောင်မည်ပေးမည်ဟူသော ၎င်းတို့၏ ကတိအား ပျက်ကွက်ခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၁၃ ရက်တွင် စွပ်စွဲလိုက်သည်။
ပေကျင်း ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရသည် ၎င်းဒေသတွင် သက်သေ နှင့် အချက်အလက်များမပါရှိဘဲ လူ့အခွင့်အရေးနှင့်ပတ်သက်၍ အမေရိကန် နှင့်အနောက်နိုင်ငံများ၏ အလိမ်အညာလုပ်ကြံဇာတ်လမ်းများကို အောက်တိုဘာ ၁၁ ရက်တွင် ပယ်ချလိုက်ကြောင်းသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၄၈ ကြိမ်မြောက်အစည်းအဝေးတွင် အချို့သော အနောက်နိုင်ငံများက ရှင်းကျန်းနှင့်ပတ်သက်၍...
ဝါရှင်တန်၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့ရှိ အရက်ဘားတစ်ခုတွင် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၁ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်း စိန့်ပေါလ်မြို့ရှိ အရက်ဘားတစ်ခုတွင်...
ဇူးရစ်ချ်၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ယန်ကျဲ့ချီနှင့် အမေရိကန်သမ္မတ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်(Jake Sullivan)တို့သည် အောက်တိုဘာ ၆ ရက်က ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) King ကောင်တီတွင် နေထိုင်သော အသက် ၃၀ ကျော် ၄၀ နီးပါး အမျိုးသမီးတစ်ဦးသည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်၌ Johnson & Johnson COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် ပထမဦးဆုံး သွေးခဲသောရောဂါလက္ခဏာဖြင့် သေဆုံးခဲ့ရသည့်အမျိုးသမီးတစ်ဦးဖြစ်လာကြောင်း ဒေသခံ ကျန်းမာရေးအရာရှိများက...
တီဟီရန်၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကို ဖြေလျှော့ရန် အမေရိကန်၊ဥရောပနိုင်ငံများ၏ ပိတ်ဆို့မှုကို ဖယ်ရှားဖို့ အီရန် ရေနံစွမ်းအင်ဝန်ကြီး Javad Ogiက ပြီးခဲ့သည့်ရက်တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံ၏ အောက်တိုဘာ ၅ ရက် သတင်းများအရ သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက အမေရိကန်သံတမန်အတွက် ဗီဇာများတိုး၍ ထုတ်မပေးပါက ရုရှားသံတမန်များအား နှင်ထုတ်ရန် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်အား ဒီမိုကရက်တစ် နှင့် ရီပတ်ဘလီကန် လွှတ်တော်အမတ်များက တောင်းဆိုခဲ့ကြောင်း သိရသည်။
ဟူစတန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) အမေရိကန်ရေတပ်သည် ယခင်လေယာဉ်တင်သင်္ဘောဟောင်းနှစ်စင်းဖြစ်သော USS Kitty Hawk နှင့် USS John F. Kennedy တို့ကို တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၁ ပြား (1 cent) စီဖြင့် တက္ကဆက်စ်မြို့ရှိ သင်္ဘောဖျက်ကုမ္ပဏီတစ်ခုထံသို့ ရောင်းချလိုက်ပြီဖြစ်ကြောင်း...
ပေကျင်း ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေးအင်အားစုများကို ထောက်ခံနေခြင်းအား ရပ်တံ့သင့်ကြောင်း နှင့် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ခိုင်မာသော ဆောင်ရွက်မှုများလုပ်ဆောင်သွားသင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ...
လော့စ်အိန်ဂျယ်လိစ်၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း Orangeခရိုင် ကမ်းရိုးတန်းတွင် ပြီးခဲ့သည့် ရက်ပိုင်းက ရေနံစိမ်း ယိုစိမ့်မှု ဆိုးဆိုးဝါးဝါးဖြစ်ပွားခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၃ ရက်နေ့လယ်ပိုင်းအထိ ရေနံစိမ်းယိုစိမ့်မှုပမာဏ ၁၂၆,၀၀၀ ဂါလန်(၄၇၇,၀၀၀ လီတာခန့်)ရှိပြီး ပင်လယ်ရေမျက်နှာ ၃၅ စတုရန်းကီလိုမီတာနီးပါးကို ညစ်ညမ်းစေခဲ့ရာ...