Connect with us

Media

တရုတ်နိုင်ငံ သမ္မတ ရှီနှင့် အမေရိကန်စီးပွားရေးဆိုင်ရာ ဧည့်သည်တော်များ တွေ့ဆုံ

ပေကျင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ စီးပွားရေး၊ မဟာဗျူဟာ၊ ပညာရပ်ဆိုင်ရာ အသိုင်းအဝိုင်းများမှ ကိုယ်စားလှယ်များနှင့် ပေကျင်းမြို့တော်ရှိ ပြည်သူ့ခန်းမဆောင်တွင် မတ် ၂၇ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
တရုတ်-အမေရိကန်ဆက်ဆံရေးသည် ကမ္ဘာပေါ်တွင် အရေးပါမှုအရှိဆုံး နှစ်နိုင်ငံဆက်ဆံရေးများအနက် တစ်ခုဖြစ်ကြောင်း ရှီက မှတ်ချက်ပြုထားသည်။

“နှစ်နိုင်ငံရဲ့ အောင်မြင်မှုအသီးသီးက အချင်းချင်းအတွက် အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးက အချင်းချင်းမိတ်ဖက်များဖြစ်ခြင်း၊ အပြန်အလှန်ယုံကြည်မှုကို ပြသခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် နှစ်ဦးနှစ်ဖက်အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည့်အားလျော်စွာ တရုတ်-အမေရိကန်ဆက်ဆံရေးက ပိုပြီးအားကောင်းလာပါလိမ့်မယ်” ဟု ရှီက ပြောခဲ့သည်။
ယခုနှစ်သည် တရုတ်နှင့် အမေရိကန်ကြား သံတမန်ဆက်ဆံရေး ၄၅ နှစ်မြောက် အထိမ်းအမှတ်ဖြစ်သည်။ တရုတ်-အမေရိကန် ဆက်ဆံရေးသမိုင်းကြောင်းသည် နှစ်နိုင်ငံပြည်သူများကြား ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်မှုအနက် တစ်ခုလည်းဖြစ်သည်။ ရှိနှင့်ပြီးသား စာမျက်နှာများကို ပြည်သူများက ရေးထားခြင်းဖြစ်သလို အနာဂတ်ကိုလည်း ပြည်သူများက ဖန်တီးပေးမည်ဖြစ်ကြောင်း ရှီက ဆိုသည်။
အမေရိကန်စီးပွားရေးလုပ်ငန်းများကို ရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ရန်၊ တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲကဲ့သို့ ပြပွဲများတွင် စီးပွားရေးလုပ်ငန်းများစွာ ပါဝင်တက်ရောက်ရန်နှင့် တရုတ်နိုင်ငံတွင် ဆက်လက်ရင်းနှီးမြှုပ်နှံကြရန်၊ ဈေးကွက်ပျိုးထောင်ရန်နှင့် ၎င်းတို့၏စီးပွားရေး တိုးတက်ရန် တရုတ်နိုင်ငံ သမ္မတ ရှီက ပြောခဲ့သည်။
အမေရိကန်-တရုတ်ဆက်ဆံရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ Evan Greenberg ၊ Blackstone Group ဥက္ကဋ္ဌနှင့် စီအီးအို Stephen Schwarzman ၊ Qualcomm ကုမ္ပဏီ ဥက္ကဋ္ဌနှင့် စီအီးအို Cristiano Amon ၊ Harvard’s John F. Kennedy အစိုးရစာသင်ကျောင်း တည်ထောင်သူဟောင်း Graham Allison ၊ အမေရိကန်-တရုတ် စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Craig Allen တို့က ၎င်းတို့နှင့် တွေ့ဆုံရန်အချိန်ပေးသော သမ္မတ ရှီကျင့်ဖိန်အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြသည်။ (Xinhua)

………………………………….
(English Version)
Xi meets U.S. guests
BEIJING, March 27 (Xinhua) — Chinese President Xi Jinping met with representatives of the U.S. business, strategic and academic communities at the Great Hall of the People in Beijing on Wednesday.
He noted that the China-U.S. relationship is one of the most important bilateral relationships in the world.
“The two countries’ respective success is an opportunity for each other. As long as both sides see each other as partners and show mutual respect, coexist in peace and cooperate for win-win results, China-U.S. relations will get better,” Xi said.
This year marks the 45th anniversary of diplomatic relations between China and the United States. The history of China-U.S. relations is one of friendly exchanges between the two peoples. Its existing chapters are written by the people, and the future will of course be created by the people, Xi said.
The Chinese president said U.S. businesses are welcome to participate more in Belt and Road cooperation, attend large-scale business events such as the China International Import Expo, and continue to invest in China, cultivate the market and grow their business.
In their remarks, Evan Greenberg, chairman of the National Committee on U.S.-China Relations, Stephen Schwarzman, chairman and CEO of the Blackstone Group, Cristiano Amon, president and CEO of Qualcomm, Graham Allison, founding dean of Harvard’s John F. Kennedy School of Government, and Craig Allen, president of the U.S.-China Business Council thanked President Xi for taking time to meet them.