ပေကျင်း ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ဥက္ကဋ္ဌ နှင့် မြောက်ကိုရီးယားနိုင်ငံရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအမ်သည် တရုတ်နိုင်ငံသို့လာရောက်လည်ပတ်လျက်ရှိကြောင်း တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယနေ့ဇန်နဝါရီ ၈ ရက်တွင် ပြောကြားလိုက်သည်။
မော်စကို ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) ဆီးရီးယားပြဿနာအား ဧပြီလ ၂၈ ရက် မော်စကိုတွင် ကျင်းပသော ရုရှား၊တူရကီ၊အီရန် သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် ဆွေးနွေးခဲ့ရာ ထိုပြဿာနာနှင့်စပ်လျဉ်း၍ အက်စတနာငြိမ်းချမ်းရေး ဆွေးနွေးမှုကို မေ ၁၄ ရက် ၊၁၅ ရက်တွင် ထပ်မံပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရှိရသည်။
ဝါရှင်တန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းနှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်တို့၏ တွေ့ဆုံပွဲသည် လာမည့် သီတင်းပတ် သုံးပတ် သို့မဟုတ် လေးပတ်အတွင်း ဖြစ်နိုင်ကြောင်း ဧပြီလ ၂၈ ရက်က မီချီဂန်ပြည်နယ်၌ ရှိနေစဉ် ထရမ့်က ပြောကြားခဲ့သည်။
ဂိုယန်၊ တောင်ကိုရီးယား၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်တို့သည် နှစ်နိုင်ငံ နယ်စပ်ကျေးရွာဖြစ်သော ပန်မွန်ဂျုံ၌ ပထမဆုံးအကြိမ်အဖြစ် ယနေ့ (ဧပြီလ ၂၇ ရက်) နံနက်ပိုင်းတွင် တွေ့ဆုံခဲ့သည်။