Connect with us

Politics, Law & Military

တရုတ်နိုင်ငံသို့မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် လာရောက်လည်ပတ်

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ် အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ဥက္ကဋ္ဌ နှင့် မြောက်ကိုရီးယားနိုင်ငံရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအမ်သည် တရုတ်နိုင်ငံသို့လာရောက်လည်ပတ်လျက်ရှိကြောင်း တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယနေ့ဇန်နဝါရီ ၈ ရက်တွင် ပြောကြားလိုက်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်သည် တရုတ်နိုင်ငံ၌ ဇန်နဝါရီ ၇ ရက် မှ ၁ဝ ရက်အထိ နေထိုင်သွားမည်ဖြစ်ကြောင်း ပေကျင်းမြို ့ရှိ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံတကာဆက်ဆံရေးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။(Xinhua)