Connect with us

North America

ရုရှား၊ တူရကီ၊ အီရန် ၃ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ ဆီးရီယားပြဿနာဆိုင်ရာ အက်စတနာငြိမ်းချမ်းရေး ဆွေးနွေးမှု ထပ်မံပြုလုပ်ရန် ဆုံးဖြတ်

စစ်ဘေးသင့် ဆီးရီယားနိုင်ငံ၏ မြင်ကွင်းတစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

မော်စကို ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

ဆီးရီးယားပြဿနာအား ဧပြီလ ၂၈ ရက် မော်စကိုတွင် ကျင်းပသော ရုရှား၊တူရကီ၊အီရန် သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် ဆွေးနွေးခဲ့ရာ ထိုပြဿာနာနှင့်စပ်လျဉ်း၍ အက်စတနာငြိမ်းချမ်းရေး ဆွေးနွေးမှုကို မေ ၁၄ ရက် ၊၁၅ ရက်တွင် ထပ်မံပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရှိရသည်။

အက်စတနာဆွေးနွေးမှုများက နိုင်ငံရေးအရ ဆီးရီးယားပြဿနာကို ဖြေရှင်းရန် အခြေအနေများဖန်တီးပေးပြီး ဆီးရီးယားပြည်တွင်း ဘက်ပေါင်းစုံတွေ့ဆုံဆွေးနွေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားရန် မြှင့်တင်ရာ ရောက်သည်ဟု ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ ယခုတစ်ကြိမ် ကျင်းပမည့် အက်စတနာ ဆွေးနွေးမှု တွင် ဆီးရီယားပြည်တွင်း ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရေး၊ သေဆုံးသူတို့၏ရုပ်လောင်းများကို ပြန်လည်အပ်နှံရေးနှင့် ပျောက်ဆုံးသူတို့အား ပြန်လည်ရှာဖွေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားနိုင်ဖွယ် ရှိသည်ဟု ခန့်မှန်းရသည်။ (Xinhua)